December 11, 2023

MT News

Written By Thandar

ဧပြီလပိုင်းက ၅၀၅ (က) နဲ့ အမှုဖွင့်တရားစွဲအရေးယူခံထားရ‌တဲ့ အနုပညာရှင်တွေဖြစ်တဲ့ မေပန်းချီ ၊ မေလသံစဉ်၊ မြတ်သူသူ (ခ) မိုးမိုးမြတ်ဇင်၊ ရွှေရည်သိန်းတန်နဲ့ သတင်းစာဆရာ ဦးကျော်မင်းဆွေတို့ ဇူလိုင် ၇ ရက်မှာ ပြန်လွတ်မြောက်လာပြီလို့ သိရပါတယ်။

This image has an empty alt attribute; its file name is 347423231_233019673016891_991359543173208415_n.jpg

သူတို့ဟာ ပြီးခဲ့တဲ့ ဧပြီလက ပဇီကြီးကျေးရွာတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး social media ပေါ်မှာ Profile အနက်ရောင် ပြောင်းလဲလိုက်တဲ့အတွက် ဖမ်းဆီးခံရတာလို့လည်း လူမှုကွန်ရက်သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

အဆိုပါ ဖမ်းဆီးခံထားရသူတွေ အသီးသီးဟာ ဇူလိုင် ၇ ရက် ညပိုင်းကစပြီး သူတို့ရဲ့နေအိမ်တွေကို ပြန်လည်ရောက်ရှိနေကြပြီဖြစ်တယ်လို့လည်း ကြားသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News