၇. ၇. ၂၀၂၃

Written by Naing Thuta

မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးထံကပ်လှူပြီးသည့် ကတ္တီပါခြုံထည်သင်္ကန်းများကို လိုအပ်သလိုအသုံပြုနိုင်ရန် မြန်မာပြည်တဝှမ်းရှိ ဘုန်းကြီးကျောင်းများသို့ ပေးပို့လှူဒါန်းလျှက်ရှိကြောင်း ဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့တွင် ကျောက်မဲမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ ညောင်ပင်သာကျောင်းတိုက်သို့ ကတ္တီပါခြုံထည်သင်္ကန်း ၂၁ ထည်ကို ပေးအပ်လှူဒါန်းခဲ့ပြီး လိုအပ်မှုရှိသည့်ဘုန်းတော်ကြီးကျောင်းများသို့လည်း ဦးစားပေးရွေးချယ်ကာ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့လှူဒါန်းရခြင်းသည် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသို့ ကတ္တီပါခြုံထည်သင်္ကန်းလှူဒါန်းသော အလှူရှင်များအတွက်လည်း ပြန်လည်ဆင့်ပွားကုသိုလ်ရရှိနိုင်ရန်ရည်ရွယ်သည့် ဂေါပကအဖွဲ့၏စီစဉ်မှုဖြစ်ပြီး သင်္ကန်းအလှူခံလိုသည့် ဘုန်းကြီးကျောင်းများအနေဖြင့်လည်း ဂေါပကအဖွဲ့ရုံးသို့ ဆက်သွယ်နိုင်ပါသည်ဟု ဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မန္တလေးမဟာမုနိရုပ်ရှင်တော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက ကတ္တီပါခြုံထည်သင်္ကန်းတော်များကို နေ့စဉ် လှူဒါန်းလျက်ရှိကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *