MT News
မြန်မာငွေ ကျပ် ၂၅ သိန်းတည်းနဲ့ အားပေးနိုင်မဲ့ မျိုးကြီးနဲ့ ဝိုင်ဝိုင်းတို့ရဲ့ Novotel Hotel က ဖျော်ဖြေပွဲကို #mtnews_fb_တခွင် က တွေ့ရှိခဲ့ပါတယ်။
ဒီဖျော်ဖြေပွဲကို ဇူလိုင် ၂၁ ရက် ည ၇ နာရီကနေ ၁၀ နာရီအထိပြုလုပ်မှာဖြစ်ပြီး လုပ်ငန်းရှင်ကြီးဦးဇော်ဇော်ပိုင်ဆိုင်တဲ့ ဒီ Novotel ဖျော်ဖြေပွဲအတွက် ကျပ် ၂၅ သိန်းနဲ့ ဝယ်ယူသူတွေဟာ လူ ၈ ယောက်စာ စားပွဲ၊ အခန်း ၂ ခန်း၊ စကော့ချ်ဝီစကီ ၁ လုံး၊ ဘီယာ၊ ဝိုင်နဲ့ အမြည်းတွေက Free Flow သုံးဆောင်နိုင်မယ်လို့လည်း ကြော်ငြာမှာ ဖော်ပြထားပါတယ်။
ပို့စ်တင်ထားသူ Bo Chan Tun အကောင့်ပိုင်ရှင်ကတော့ “သိုသိုသိပ်သိပ် သပ်သပ်ရပ်ရပ် လေးလုပ်မယ့်ပွဲပါ။ ဝိုင်းအများကြီး မရောင်းထားဘူး။ လူနည်းနည်းကို အားရပါးရဖျော်ဖြေ ဖို့ ပြောထားပါတယ်။ သူတို့ နှစ်ယောက်ကိုလည်း လွမ်းနေကြလောက်ပီထင်လို့ ပွဲစီစဉ်ဖြစ်တာပါ။ ဝိုင်းအများကြီးမရှိလို့ မြန်မြန် “မှာ”ထားမှ ဝိုင်းကောင်းတာလေးတွေရမှာပါ” လို့ အသိပေးထားပါတယ်။
လေးဖြူနဲ့ အငဲတို့ကတော့ မဆိုသေးဘူးလို့လည်း Bo Chan Tun က ဖြေဆိုထားတာ Comment မှာ တွေ့ရပြီး မေးမြန်းသူကလည်း တန်ပါတယ်လို့ ပြောထားပါသေးတယ်။
မြန်မာငွေ ၂၅ သိန်းဟာ ဒေါ်လာနဲ့ဆို ၈၀၀ လောက်ပဲကျမှာဖြစ်သလို လူ ၈ ယောက်၊ အခန်း ၂ ခန်း၊ စကော့ဝီစကီတစ်လုံး၊ ဘီယာ၊ ဝိုင်နဲ့ အမြည်းတွေ Free Flow ရပြီး ပရိသတ်ကြီး လွမ်းဆွတ်နေတာကြာပြီဖြစ်တဲ့ IC ရဲ့ ဖျော်ဖြေမှုကို ၃ နာရီဆက်တိုက် အားပါးတရခံစားရမှာဖြစ်လို့ တန်တယ်ထင်ကြတာ မမှားဘူးလို့ ယူဆစရာရှိသလို MT News ပရိသတ်တွေအနေနဲ့ရော ဒီဖျော်ဖြေပွဲက တန်တယ်ထင်ပါသလားဆိုတာကို ဖြေပေးခဲ့ပါဦးနော်….
