MT News
Written By Thandar
အကယ်ဒမီ ဒါရိုက်တာ ဇင်ရော်မောင်မောင်နဲ့ အကယ်ဒမီမေသန်းနုတို့ရဲ့ သား မင်းသန့်မောင်မောင် အသက် ၂၆ နှစ်ပြည့် မွေးနေ့ကို ဇူလိုင် ၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် မိုးကောင်းလမ်းရှိ မဟာဗောဓိပရိယတ္တိစာသင်တိုက်မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော် ယနေ့ မွေးနေ့မှာ ဆရာတော်တွေကို ကုသိုလ်ပြုအလှူလေး လုပ်ဖြစ်ပါတယ်။ ယခုပြုရတဲ့ ကုသိုလ်အပေါင်းအားလည်း အမျှ အမျှပေးဝေပါတယ်။အားလုံး သာဓု အနုမောဒနာ ခေါ်ယူ ကြပါခင်ဗျာ”လို့ မင်းသန့်မောင်မောင် ကပြောလာပါတယ်။

မင်းသန့်မောင်မောင်ရဲ့ မွေးနေ့မင်္ဂလာအဖြစ် ရွှေကျင်ကျောင်းတိုက်မှုးဖြစ်တဲ့ မဟာဗောဓိပရိယတ္တိစာသင်တိုက်ရှိ ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒကကို အမှူးထားပြီး ကျောင်းရှိ သံဃာတော်အပါး ၃၅၀ နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။
သူဟာ ဖခင်နဲ့ မိခင်တို့ရဲ့ အနုပညာအမွေကို ဆက်ခံသူအနေနဲ့ အနုပညာနဲ့ပတ်သက်ပြီး ဒါရိုက်တာပိုင်းမှာလည်း အကောင်းဆုံး ပုံဖော်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိ အနုပညာနဲ့ပတ်သက်ရင် ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ စီစဥ်ထားပြီး မကြာခင်ပရိသတ်ရှေ့ကို ပြန်ရောက်လာမယ်လို့ ဆိုပါတယ်။


