၂၄. ၁၀. ၂၀၂၂

Written by Thettant

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဩစတြေးလျ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်နှင့် နယူးဇီလန်နိုင်ငံတို့ ပါဝင်သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) အရ တရုတ်နိုင်ငံသို့တင်ပို့မည် မြန်မာ့ပင်ရင်းထုတ်ကုန်များ အကောက်ခွန်သက်သာခွင့် CO Form RCEP နိုဝင်ဘာ ၁ ရက်မှ စတင်ထုတ်ပေးမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ကြေညာထားသည်။

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအပြင် ဩစတြေးလျ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်နှင့် နယူးဇီလန်နိုင်ငံတို့ ပါဝင်သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) သဘောတူစာချုပ် သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ စတင်၍ အသက်ဝင်ခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်အရ တရုတ်နိုင်ငံသို့ တင်ပို့မည့် မြန်မာ့ပင်ရင်းထုတ်ကုန်များ အကောက်ခွန်သက်သာခွင့်အတွက် CO Form RCEP ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာပို့ကုန်သွင်းကုန်ရုံးများနှင့် ကုန်သွယ်ရေးစခန်းများတွင် နိုဝင်ဘာ ၁ ရက်နေ့မှစတင်၍ စိစစ်ခွင့်ပြုထုတ်ပေးမည်ဖြစ်ပါသဖြင့် ပို့ကုန်လုပ်ငန်းရှင်များသည် CO Form RCEP များကို လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားနိုင်ပြီဖြစ်သည်။

ထို့အပြင်သဘောတူစာချုပ်အရ အတည်ပြုပို့ကုန်တင်ပို့သူ (Approved Exporter) အဖြစ် လျှောက်ထားလိုသည့် ပို့ကုန်တင်ပို့သူများသည် Online CO Application Systerm https://onlireco.yarmartradenet.com/ တွင် ၁-၁၁-၂၀၂၂ ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးထားသည်။

မြန်မာနိုင်ငံပါဝင်သော RCEP သည် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးရှိသော ဈေးကွက်ကို လွှမ်းမိုးထားပြီး ကမ္ဘာ့စုစုပေါင်းပြည်တွင်း ထုတ်ကုန်၏ သုံးပုံတစ်ပုံကို ထုတ်လုပ်ပေးလျက်ရှိသဖြင့် ကမ္ဘာပေါ်တွင် အကြီးမားဆုံးကုန်သွယ်ရေး သဘောတူစာချုပ်တစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *