“မင်္ဂလာပွဲကတော့ စီစဥ်နေတာပဲ။ အခြေအနေတွေ တစ်ခုပြီး တစ်ခုဖြစ်လာတော့ နောက်ရွှေ့လိုက်တာနဲ့ ကြာသွားတာပေါ့။ ဆောင်တဲ့သူတွေတော့ ဆောင်ကုန်ကြပြီပေါ့။ ကိုယ့် မင်္ဂလာပွဲကိုလည်း အနုပညာရှင်တွေရော။ ကိုယ့်မိတ်ဆွေ ပရိသတ်တွေကိုလည်း ဖိတ်ချင်တာဆိုတော့ ကြာသွားတာပါ”သန္တာဗိုလ်
MT News
သရုပ်ဆောင် သန္တာဗိုလ်နဲ့ ကောင်းပြည့်တို့ရဲ့ ချစ်သူ သက်တမ်းက ၁၀ နှစ်ကျော် ရှိခဲ့ပြီဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလက နှစ်ဖက်မိဘ တွေ့ဆုံမှုတွေလည်း လုပ်ခဲ့ပါသေးတယ်။ သရုပ်ဆောင် သန္တာဗိုလ်က အနုပညာအလုပ်တွေ ရပ်နားထားတာ ကြာခဲ့ပေမယ့် လက်ရှိ ဖိတ်ကြားလာတဲ့ ပွဲတွေတက် ဖြစ်နေပြီး Photo Shooting တွေ ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။
“ညီမတို့ တစ်ယောက်နဲ့တစ်ယောက်ချစ်ပြီဆိုရင် နားလည်မှုတွေ၊ ယုံကြည်မှုတွေကတော့ Auto သူ့ဟာ သူဖြစ်လာတာပေါ့။ ညီမတို့ ချစ်သူသက်တမ်းက ၁၀ နှစ်ကျော်ပြီဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတွေက သူ့အလိုလိုဖြစ်လာတာပါပဲ။ နှစ်တွေကြာလာတာနဲ့အမျှ တစ်ယောက်နဲ့ တစ်ယောက် သည်းခံရင် ဘယ်အရာမဆို အခက်အခဲမရှိ လက်တွဲသွားနိုင်တယ်လို့ ညီမထင်ပါတယ်”လို့ သရုပ်ဆောင် သန္တာဗိုလ်ကပြောပါတယ်။

