၁၉. ၆. ၂၀၂၃
Written by Pan Ei

ဒရမ်မာချစ်သူတွေကြားမှာ နာမည်ကြီး လူကြိုက်များခဲ့တဲ့ F4 ဇာတ်လမ်းတွဲထဲက မင်းသမီး Goo Hye Sun ဟာ ခင်ပွန်းဟောင်းဖြစ်တဲ့ မင်းသား Ahn Jae Hyun ရဲ့အေဂျင်စီကို တရားစွဲဆိုရာမှာ ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။

Goo Hye Sun ဟာ သူမခင်ပွန်းဟောင်းရဲ့အေဂျင်စီ တစ်ဖြစ်လည်း သူမရဲ့ အေဂျင်စီဟောင်းလည်းဖြစ်တဲ့ HB အင်တာတိန်းမန့်ကို တရားစွဲဆိုခဲ့တာပါ။ ဒီဖြစ်စဥ်မှာ မနေ့က ဆိုးလ်ဗဟိုခရိုင်တရားရုံးရဲ့ အကြီးတန်းတရားသူကြီး ပက်ခ်ချမ်းဆော့က Goo Hye Sun က သူမရဲ့အေဂျင်စီဟောင်း HB အင်တာတိန်းမန့်ကို လျော်ကြေးငွေ ဝမ်သန်း ၁၇၀ ပေးဆောင်ဖို့ အမိန့်ချခဲ့ပါတယ်။

၂၀၁၉ ခုနှစ်က မင်းသမီး Goo Hye Sun နဲ့ မင်းသား Ahn Jae Hyun ကွာရှင်းပြတ်စဲပြီးနောက်မှာ နှစ်ဖက်ကြား အငြင်းပွားမှု စတင်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက Goo Hye Sun နဲ့ Ahn Jae Hyun တို့ဟာ တူညီတဲ့အေဂျင်စီတစ်ခုအောက်မှာရှိခဲ့ကြတာပါ။

Goo Hye Sun က အေဂျင်စီဟာ Ahn Jae Hyun နဲ့ ကွာရှင်းဖို့ လုပ်ကိုင်နေစဉ်အတွင်းနဲ့ ကွာရှင်းပြီးနောက်မှာ သူတို့ရဲ့ သက်ဆိုင်ရာအလုပ်တွေကို Ahn Jae Hyun ရဲ့ အမြင်နဲ့သာ ပြုလုပ်ခဲ့တာကြောင့် မကျေနပ်ကြောင်း ဖော်ပြခဲ့ပြီး ၂၀၁၉ ခုနှစ် သြဂုတ်လမှာတော့ Goo Hye Sun က သူမရဲ့ အေဂျင်စီနဲ့ သီးသန့်စာချုပ်ကို ရပ်စဲခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် ဧပြီလမှာတော့ HB အင်တာတိန်းမန့်နဲ့ Goo Hye Sun ရဲ့ တရားဝင်ကိုယ်စားလှယ်တွေဟာ စာချုပ်ဖျက်သိမ်းခြင်းနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေရှိခဲ့ကာ Goo Hye Sun ဘက်က HB အင်တာတိန်းမန့်ကို ဝမ် ၃၅ သန်း ပေးခဲ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ မင်းသမီးက တရားဝင်အကြောင်းပြချက်မရှိဘဲ သူမရဲ့ပိုင်ဆိုင်မှုတွေထဲက အကျိုးအမြတ်ရယူတယ်လို့ဆိုကာ အေဂျင်စီကို တရားစွဲခဲ့တာဖြစ်ပြီး သူမက သူမတက်ခဲ့တဲ့ ပွဲပေါင်း ၁၂ ပွဲအတွက် စုစုပေါင်း ဝမ် သန်း ၆၀ ၊ တည်းဖြတ်ခ ဝမ် ၁၀ သန်း ၊ တေးဂီတအသုံးပြုမှုအတွက် ဝမ် ၃ သန်း ၊ ကြော်ငြာခ ဝမ် သန်း ၃၀ နဲ့ YouTube က အမြတ်ငွေ ဝမ် ၄ သန်းဝန်းကျင်တို့ကို တောင်းဆိုခဲ့တာပါ။

ဒါပေမဲ့ တရားရုံးဘက်က Goo Hye Sun ရဲ့ပြောဆိုချက်တွေဟာ သက်သေအထောက်အထား မခိုင်လုံတာကြောင့် ပယ်ချခဲ့ပြီး သူမက ဗီဒီယိုတွေရဲ့ မူပိုင်ခွင့်တွေကိုလည်း ပိုင်ဆိုင်ထားခြင်းမရှိတာကြောင့် သူမတောင်းဆိုခဲ့တဲ့ ဗီဒီယိုတွေကို ပြန်လည်ထုတ်လုပ်ခြင်းနဲ့ ဖြန့်ဝေခြင်းမပြုလုပ်ဖို့ တောင်းဆိုချက်တွေကိုပါ ပယ်ချခဲ့ပါတယ်။

Ref; Kbizoom

Leave a Reply

Your email address will not be published. Required fields are marked *