MT News

Photo & Writer Tha Doe

ဗီယက်နမ်နိုင်ငံနဲ့ နိုင်ငံခြားမှာနေတဲ့ ဗီယက်နမ်အလှူရှင်တွေစုပေါင်းပြီး ဇွန်လ ၁၈ ရက် မနက် ၇ နာရီကစ ရွှေတိဂုံရင်ပြင်တော်မှာ ရွတ်ဖတ်ပူဇော်ပြီး သံဃာအပါး (၁၀၀၀) ကို ဆွမ်းတော်ကြီးလောင်းလှူမှုနဲ့ တခြားလှူဖွယ်ပစ္စည်းတွေ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

This image has an empty alt attribute; its file name is 347245835_122296940887789_8026266416628611546_n.jpg

ရွှေတိဂုံရင်ပြင်တော် တောင်ဘက်မုခ်မှာ ပြုလုပ်ခဲ့တဲ့ ဒီလှူဒါန်းမှုကို ဗီယက်နမ်နဲ့ ရက္ခိတစွမ်းအားအဖွဲ့ ပူးပေါင်းဆပ်ကပ်ခဲ့တာဖြစ်သလို ဗီယက်နမ်က ဆရာတော်၊ သံဃာတော်တွေကလည်း ဆက်ကပ်လှူဒါန်းမှု ခံယူခဲ့ပါတယ်။

This image has an empty alt attribute; its file name is 347237022_122297820887701_7755690710031530554_n-1024x573.jpg

ဆွမ်းတော်ကြီးလောင်းလှူပွဲမှာ ဗီယက်နမ်နိုင်ငံက သံဃာအပါး ၂၀၀ ကျော် ကပ်လှူခံခဲ့သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် မိသားစုကလည်း သံဃာတော်အရှင်သူမြတ်တွေကို ဆွမ်းသပိတ်လုံးကပ်လှူခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း လှူဖွယ်ဝတ္ထုတွေ ဆက်ကပ်ခဲ့ပါတဲ့အပြင် ဗီယက်နမ်နဲ့ မြန်မာနိုင်ငံက အလှူရှင်တွေကလည်း လှူဖွယ်ပစ္စည်းတွေနဲ့ ဝတ္ထုငွေတွေကိုလည်း ကပ်လှူခဲ့ကြပြီး လိုက်ပါလာတဲ့ကပ္ပိယတွေဆီ ထည့်ဝင်လှူဒါန်းခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *