၁၉. ၆. ၂၀၂၃
Written by Nay Moe
ယနေ့ကျရောက်သည့် ၇၈ နှစ်ပြည့် မွေးနေ့အဖြစ် YRF က ဒေါ်အောင်ဆန်းစုကြည်၏ပုံကို လူကူးတံတားတစ်ခုတွင် ချိတ်ဆွဲခဲ့သည်။
“မွေးနေ့ရှင်ကို ပြည်သူများက သတိရနေပါတယ်”ဟူသော ခေါင်းစဥ်ဖြင့် ချိတ်ဆွဲခဲ့ပြီး “ယနေ့တွင် ကျရောက်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့တစ်နေရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံနှင့်အတူ ‘We Miss You’ ဟူသော စာသားပါ ဘန်နာတခုအား YRF ၏ Soft Strike Community မှ ချိတ်ဆွဲခဲ့သည်”ဟုလည်း Yangon Revolution Force က အသိပေးသည်။
အဂတိလိုက်စားမှုများအပါအဝင် အမှုပေါင်း ၁၉ မှူဖြင့် ထောင်နှစ်ရှည်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် ပြည်တွင်းပြည်ပနေ ပြည်သူတချို့နှင့် PDF များက ပန်းသပိတ်ပြုလုပ်ကာ ဆန္ဒပြမှုများ ပြုလုပ်ခြင်းနှင့် ပြည်သူများပါဝင်ရန် လှုံ့ဆော်ထားသည်။ သို့သော် ပြည်သူအများစုကမူ ပန်းသပိတ်တွင် ပါဝင်သည့်လှုပ်ရှားမှုတစ်စုံတစ်ရာမရှိချေ။