MT News
Written by Nay Moe

ပခုက္ကူမြို့တွင် အထက်တန်းပြဆရာမတစ်ဦးကို CDM မလုပ်၍ဆိုကာ PDF ခုနစ်ဦးက ပစ်ခတ်သတ်ဖြတ်ပြီး ဖုန်းနှင့် ရွှေထည်များပါ လုယက်ယူဆောင်မှု ယမန်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ ကနဦး စုံစမ်းသိရသည်။

သတ်ဖြတ်ခံရသည့် ဆရာမမှာ ပခုက္ကူမြို့ရှိ အထက်တန်းကျောင်းခွဲမှ ကြီးရွာသူ အထက်တန်းပြဆရာမ ဒေါ်ခင်မင်းဦးဖြစ်ကာ ဇွန်လ ၁၇ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် PDF ၇ ဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာကာ ဒေါ်ခင်မင်းဦးတို့မိသားစုအား ဒူးထောက်ထိုင်ခိုင်းပြီး CDM မလုပ်၍ဆိုကာ မိသားစုရှေ့တွင်ပင် ဒေါခင်မင်းဦးကို ပစ်သတ်သွားခဲ့သည်ဟု သိရသည်။

“ဇွန်လ ၁၇ ရက် မနက် ၁၀ နာရီ ၄၅ မိနစ်လောက်မှာ ပခုက္ကူ အထက(ခွဲ)စက်မှုဇုန်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကြီးရွာသူ အထက်တန်းပြဆရာမ ဒေါ်ခင်မင်းဦး အသတ်ခံလိုက်ရပါတယ်။ သူက CDM မလုပ်လို့လို့ ပြောတယ်။ ဆိုင်ကယ် ၄ စီးနဲ့ လူငယ် ၆ ယောက် အမျိုးသမီး ၁ ယောက် အိမ်ထဲဝင်လာပြီးအိမ်မှာရှိတဲ့သူတွေ ဒူးထောက်ခိုင်းတယ်။ ဆရာမကို ဘာလို့ CDM မလုပ်တာလဲလို့မေးတယ်။ အဲဒီမှာ ဆရာမက လုပ်ပါ့မယ်လို့တောင်းပန်ပြောတယ်။ ဒါပေမဲ့ အဲ့ဒီထဲကတစ်ယောက်က ပစ္စတိုနဲ့ နှစ်ချက်တေ့ပစ်သွားပြီး ရွှေနဲ့ဖုန်းကော ယူသွားတယ်လို့ သိရတယ်”ဟု ဒေသခံတစ်ဦးက MT News သို့ ပြောသည်။

သတ်ဖြတ်ခံရသည့် ဆရာမမှာ စိတ်သဘောထားကောင်းမွန်ကာ ရိုးသားအေးချမ်းသူဖြစ်ပြီး အသက် ၄၇ နှစ်အရွယ်ခန့်ရှိကာ သားငယ်တစ်ဦးကျန်ရစ်ခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို MT News သတင်းဌာနက ဆက်လက်စုံစမ်းနေပြီး ထပ်မံသိရှိရသည်များကို ဖော်ပြပေးသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *