၁၇. ၆. ၂၀၂၃
Written By Thandar
ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Man of the World 2023 Grand Final ပြိုင်ပွဲကြီးမှာ မြန်မာကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်တဲ့ အလှမောင် Mister Myanmar Henry San က Top 10 စာရင်းနဲ့ Title ဆုတချို့ ရရှိခဲ့ပါတယ်။
သူဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ပဉ္စမအကြိမ်မြောက် ကျင်းပတဲ့ ပြိုင်ပွဲကြီးရဲ့ ဇွန်လ ၁၆ ရက် ညပိုင်းက ကျင်းပခဲ့တဲ့ Grand Final မှာ မြန်မာကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်ရင်း Top 10 စာရင်းအထိ ဝင်ရောက်နိုင်ခဲ့ပါတယ်။

အဆိုပါ ပြိုင်ပွဲကို နိုင်ငံပေါင်း ၅၀ နီးပါးရှိ အလှမောင်တွေက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ မြန်မာကိုယ်စားပြု အလှမောင် Mister Myanmar Henry San က Grand Final တက်ရောက်ဖို့အတွက် ၁၇ ဦးစာရင်းမှာလည်း ပါဝင်ခဲ့သလို ဆက်လက်ပြီး Top 10 စာရင်းကိုလည်း ထပ်မံ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
Mister Myanmar Henry San က Preliminary Competition တွေမှာလည်း Special Award ဆုတွေ ဖြစ်တဲ့ Mister Congeniality – Silver Medal ဆု ၊ Best in Beachwear – Bronze Medal ဆု တို့ကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ပါတယ်။

ဒါ့အပြင် Mister Photogenic မှာ Top 10 စာရင်း ၊ Best in Formalwear မှာ Top 10 စာရင်း ၊ Best in National Costume မှာ Top 10 စာရင်းနဲ့ Best in Swimwear မှာ Top 10 စာရင်းတွေအထိကို အကောင်းဆုံး ကြိုးစားယှဥ်ပြိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Man of the World 2023 Winner ဆုကိုတော့ ကိုရီးယားနိုင်ငံက အလှမောင်က ဆွတ်ခူးသွားခဲ့တာ ဖြစ်ပါတယ်။




