April 19, 2024

၁၀. ၆. ၂၀၂၃
Written By Thandar

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ Man of the World 2023 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Mister Myanmar Henry San က ” ပုဂံသူရဲကောင်း “National Costume နဲ့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ Top 10 Best in National Costume စာရင်းအထိ ပါဝင်ခဲ့ပါတယ်။

ဒီပြိုင်ပွဲကြီးဟာ ဇွန်လ ၇ ရက်ကနေ ဇွန်လ ၁၈ ရက်အထိ ဖီလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပနေတာလည်းဖြစ်ပါတယ်။

Henery San ဝတ်ဆင်ပြိုင်ပွဲဝင်ခဲ့တာဟာ ပုဂံခေတ်က စစ်သူကြီးတွေ စစ်တိုက်ထွက်ရာမှာ ဝတ်ဆင်လေ့ရှိတဲ့ အဝတ်အစားနဲ့ အဆင်တန်ဆာ‌တွေကို ဖော်ညွှန်းပြီး လက်ရုံးရည်နှလုံးရည်နဲ့ ပြည့်ဝတဲ့ ပုဂံသူရဲကောင်း အသွင် ဖန်တီးထားတဲ့ National Costume လည်း ဖြစ်ပါတယ်။

“ကျွန်တော် အခု Philippines မှာ Man of the world 2023 ပြိုင်ပွဲကို အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်နေပါတယ်။ ဒီ Pageant ရဲ့ ရည်ရွယ်ချက်က ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာကို ထောက်ပံ့အားပေးတဲ့အတွက် ကျွန်တော်စိတ်ဝင်စားမိတာမို့ ပြိုင်ဖြစ်ပါတယ်။ National Costume ကတော့ ပုဂံသူရဲကောင်းမင်းတွေရဲ့ ဝတ်စုံကို ဝတ်ဆင်ခဲ့ပါတယ်။ လက်ရှိ Top 10 – Best in National Costume စာရင်းအထိ ပါဝင်ခဲ့ပါတယ်”လို့ Henry San က ပြောပါတယ်။

Man of the World 2023 ပြိုင်ပွဲကြီးမှာ အာဆီယံဒေသတွင်းဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ် စတဲ့ အာဆီယံနိုင်ငံတွေနဲ့ ကမ္ဘာ့ နိုင်ငံပေါင်း (၅၀) ဝင်ရောက်ယှဥ်ပြိုင်‌နေလျှက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *