MT News

Written by Pan Ei

ကမ္ဘာကျော် Suicide Squad ရုပ်ရှင်ထဲက အသက် ၅၁ နှစ်အရွယ် ဂျိုကာသရုပ်ဆောင် Jared Leto ဟာ အသက် ၂၇ နှစ်အရွယ် မြန်မာပြည်ဖွား မော်ဒယ် သက်သက်သင်း – Beauty နဲ့ ပြီးခဲ့တဲ့ ဧပြီလက Dunkin’ Donuts ကော်ဖီဆိုင်ကနေ အတူတွဲထွက်လာကြပုံတွေကို ပါပါရာဇီတွေက အမိအရ ဓာတ်ပုံရိုက်ယူနိုင်ခဲ့ပြီး သူတို့နှစ်ဦးဟာ တွဲနေကြတယ်လို့ ကောလာဟလ သတင်းတွေ ထွက်ရှိခဲ့ပါတယ်။

ဒါပေမဲ့ ကာယကံရှင်နှစ်ဦးကတော့ အဆိုပါ ကောလာဟလတွေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားတာတွေ မရှိခဲ့ဘဲ ဒီသီတင်းပတ်အတွင်းမှာလည်း သူတို့နှစ်ဦးသား ဂျာမနီနိုင်ငံမှာ အတူတကွ သွားလာနေတာကို ထပ်မံတွေ့ရှိခဲ့ကြရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂျာမနီနိုင်ငံကို ရောက်ရှိလာခဲ့ကြတဲ့ Jared Leto နဲ့ သက်သက်သင်းဟာ ဘာလင်ဟိုတယ်မှာ အတူတကွ ဝင်ထွက်သွားလာကာ စည်ကားတဲ့မြို့ထဲမှာလည်း လမ်းလျှောက်ထွက်လာခဲ့ကြတာကို ပါပါရာဇီတွေက အမိအရ ဓာတ်ပုံရိုက်ယူနိုင်ခဲ့တာ

ငယ်ရွယ်သူတွေနဲ့သာ တွဲခုတ်တတ်တယ်လို့ နာမည်ကြီးနေတဲ့ မင်းသား Jared Leto နဲ့ သူနဲ့ အသက် ၂၄ နှစ်လောက်ကွာတဲ့ မော်ဒယ် သက်သက်သင်းတို့ရဲ့အချစ်ရေးအကြောင်းကို ပရိသတ်တွေက စိတ်ဝင်စားလျက်ရှိနေကြပါတယ်။

မြန်မာပြည်ဖွား နိုင်ငံတကာမော်ဒယ် Beauty လို့ ကမ္ဘာကသိကြတဲ့ သက်သက်သင်းဟာ ကမ္ဘာ့အဆင့်မီ ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူဖြစ်သလို Asia Next Top Model ပြိုင်ပွဲမှာ Top 4 အထိလည်း တက်လှမ်းနိုင်ခဲ့တဲ့အပြင် ကမ္ဘာကျော် Vogue မဂ္ဂဇင်းမှာလည်း ဖော်ပြခံရဖူးပါတယ်။ ဒါ့အပြင် New York Fashion Week နဲ့ London Fashion Week တွေမှာ ပထမဆုံးလျှောက်လှမ်းခွင့်ရတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးမော်ဒယ်အဖြစ်လည်း မှတ်တမ်းတင်ခံထားရသူဖြစ်ပါတယ်။

Ref; DailyMail

Leave a Reply

Your email address will not be published. Required fields are marked *