၆. ၆. ၂၀၂၃
Written by Peya

JMK Service ကုမ္ပဏီက အလုပ်သမား ၅၀၀ ကျော်ထံမှ ကျပ်သိန်းပေါင်း တစ်သောင်းကျော် လိမ်လည်ရယူထားသည်ဆိုသောသတင်း ထွက်ပေါ်သည့်အပေါ် အလုပ်သမား ဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနနှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) တို့ ပူးပေါင်း စစ်ဆေးနေကြောင်း MOEAF နှင့် နီးစပ်သူ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမား ၅၀၀ ဦးထံက ငွေကျပ် သိန်းပေါင်း တစ်သောင်းကျော် လိမ်လည်ရယူထားကြောင်း အင်တာနက် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် Ye Min အကောင့်ပိုင်ရှင်က ရေးသားမှုနှင့် ပတ်သက်၍ အထက်ပါ အတိုင်း စစ်ဆေးရန် စီစဉ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“လိမ်တာတော့ မဟုတ်ဘူး ထင်တယ်။ သူတို့ အဲ့ဒီ ပြဿနာ တက်နေတယ်။ စစ်ဆေးနေတုန်းပါ။ တိုင်ထားတယ်။ ဝန်ကြီးဌာနကလည်း MOEAF ကို စစ်ခိုင်းထားတယ်လို့ သိရတယ်” ဟု အထက်ပါ လုပ်ငန်းရှင်က ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လိုအပ်သည့် စစ်ဆေးမှုများ လုပ်နေပြီဟု ကနဦးသိရကာ အဆိုပါကိစ္စနှင့် ပတ်သက်၍ MT News သတင်းဌာန အနေဖြင့် နောက်ဆက်တွဲ သတင်းများကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။

JMK Service ကုမ္ပဏီက အလုပ်သမား ၅၀၀ ကျော်ထံမှ ကျပ်သိန်းပေါင်း တစ်သောင်းကျော် လိမ်လည်ရယူထားသည်ဆိုသောသတင်း ထွက်ပေါ်သည့်အပေါ် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနနှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) တို့ ပူးပေါင်း စစ်ဆေးနေကြောင်း MOEAF နှင့် နီးစပ်သူ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမား ၅၀၀ ဦးထံက ငွေကျပ် သိန်းပေါင်း တစ်သောင်းကျော် လိမ်လည်ရယူထားကြောင်း အင်တာနက် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် Ye Min အကောင့်ပိုင်ရှင်က ရေးသားမှုနှင့် ပတ်သက်၍ အထက်ပါ အတိုင်း စစ်ဆေးရန် စီစဉ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“လိမ်တာတော့ မဟုတ်ဘူး ထင်တယ်။ သူတို့ အဲ့ဒီ ပြဿနာ တက်နေတယ်။ စစ်ဆေးနေတုန်းပါ။ တိုင်ထားတယ်။ ဝန်ကြီးဌာနကလည်း MOEAF ကို စစ်ခိုင်းထားတယ်လို့ သိရတယ်” ဟု အထက်ပါ လုပ်ငန်းရှင်က ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လိုအပ်သည့် စစ်ဆေးမှုများ လုပ်နေပြီဟု ကနဦးသိရကာ အဆိုပါကိစ္စနှင့် ပတ်သက်၍ MT News သတင်းဌာနအနေဖြင့် နောက်ဆက်တွဲ သတင်းများကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *