◾️ လက်ရှိတွင် NUG နှင့် PDF များက လခရများအပါအဝင် ပြည်သူ ၃၀၀၀၀ ကျော် သ-တ်ဖြတ်ထားပြီး မကြာမီ ဗုံးခွဲသ-တ်ဖြတ်မှုများ ပိုမိုများပြားလာဖွယ်ရှိ

၁. ၆. ၂၀၂၃
Written by Nay Moe

ပြည်သူများအား လုပ်ကြံသ-တ်ဖြတ်ဗုံးခွဲရာတွင် အများဆုံးတိုင်းတစ်ခုဖြစ်သည့် ရန်ကုန်တိုင်းရှိ မြို့ပြပြောက်ကျား UG များကို စုဖွဲ့၍ NUG က ရန်ကုန်တပ်ရင်း ၅၁၀၁ ကို စတင် ဖွဲ့စည်းလိုက်သည်ဟု ယနေ့တွင် ကြေညာလိုက်သည်။

လက်ရှိတွင် NUG နှင့် PDF များက လခရများအပါအဝင် ပြည်သူ ၃၀၀၀၀ ကျော် သတ်ဖြတ်ထားပြီး မကြာမီ ဗုံးခွဲသ-တ်ဖြတ်မှုများ ပိုမိုများပြားလာဖွယ်ရှိနေသည်ဟုလည်း သိရသည်။

“ရန်ကုန်မြို့မှာ လုပ်ကြံတိုက်ခိုက်မှုတွေကြည့်မယ်ဆိုရင် တပ်မတော်သားတို့၊ ရဲတို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတာထက် လက်နက်မဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီး ချောင်းမြောင်းသတ်ဖြတ်တာက ပိုများတယ်။ ကျွန်တော့်လေ့လာချက်အရဆိုရင် လက်နက်မဲ့ပြည်သူ ၁၀ ယောက်လောက်သတ်ပြီးမှ လခရတွေကို တစ်ကြိမ်လောက်ပဲ တိုက်ခိုက်တာများတယ်။ အဲဒါတောင်မှ အလစ်မှာပစ်ပြေးတာမျိုးလောက်ပဲလုပ်တာ။ အခု NUG က သူ့ UG တွေကို တပ်ရင်းပြောင်းလိုက်တယ်ဆိုတော့ ဒီတပ်ရင်းက သူ့လုပ်ဆောင်ချက်တွေ ပြရတော့မယ်။ ဒီတော့အရင်ကထက် ပြည်သူတွေ သ-တ်ဖြတ်ခံရမှု ပိုများလာနိုင်တယ်လို့ ယူဆရတယ်။ သူတို့ရဲ့ ချောင်းမြောင်းပစ်ခတ်ခံရနိုင်တဲ့စာရင်းထဲက လူတွေကတော့ သတိပြုရမှာပေါ့” ဟု NUG နှင့် PDF များကို လက်မခံသည့် လွှတ်တော်နိုင်ငံရေးကို စောင့်မျှော်နေသော PR ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရန် စောင့်စားနေသူတစ်ဦးက MT News ကို ပြောသည်။

SAC အစိုးရအဖွဲ့၏ စစ်သား၊ ရဲသားစသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် အစိုးရယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသည့် ဝန်ထမ်းများ စသည်ဖြင့် NUG နှင့် PDF များ စွပ်စွဲတိုက်ခိုက်မှုတွင် နိုင်ငံ့ဝန်ထမ်း ပြည်သူများ ၃၀၀၀၀ ခန့်အား နှစ်နှစ်အတွင်း သ-တ်ဖြတ်ထားကြောင်း NUG က မေလ ၃ ရက်တွင်ထုတ်ပြန်သည့် “အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၂) နှစ်ပြည့် ပြည်သူသို့ အစီရင်ခံတင်ပြခြင်း”အစီရင်ခံစာတွင် ဖော်ပြထားသည်။

NUG ၏ ပကဖများ၊ ပအဖများ၊ ပလဖများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကျေးများ၊ အငြိမ်းစားဝန်ထမ်းများ၊ NLD ပါတီဝင်မဟုတ်သော အခြားပါတီဝင်များနှင့် NUG, NLD ကို မထောက်ခံသူများအား “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင် လုပ်ဆောင်ပေးသူ” စသည်ဖြင့် စွပ်စွဲကာ လုပ်ကြံသ-တ်ဖြတ်မှုများပြုနေခဲ့ရာ အချိန်ကာလနှစ်နှစ်ကာလအတွင်း ပြည်သူ ၃၀၀၀၀ ခန့်သေဆုံးရမှုအပေါ် NUG က” မှတ်တမ်းများအရ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃ သောင်းခန့် ထိခိုက်သေဆုံးသည်အထိ ချေမှုန်းနိုင်ခဲ့ပြီး (၁) သောင်းကျော် ထိခိုက်ဒဏ်ရာရရှိစေခဲ့သည်” ဟု အစီရင်ခံသည်။

AAPP ၏ မှတ်တမ်းများအရ SAC အစိုးရကြောင့် ထိခိုက်သေဆုံးရသည်ဆိုသည့် စာရင်းမှာ မေ ၃၁ ရက်အထိ ၃၅၉၆ ဦးသာရှိပြီး ထိုစာရင်းတွင် လက်နက်ကိုင်တိုက်ပွဲများအတွင်း သေဆုံးသည့် NUG ၏ လက်နက်ကိုင်တပ်ဖွဲ့များလည်းပါဝင်ရာ NUG ၏ သ-တ်ဖြတ်မှုမှာ SAC ထက် ဆယ်ဆခန့်ပိုမိုများပြားနေသည်ကိုလည်း တွေ့ရသည်။

ထိုသို့ လက်နက်မဲ့ပြည်သူများကို “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင် လုပ်ဆောင်ပေးသူ” စသည်ဖြင့် စွပ်စွဲကာ လုပ်ကြံသ-တ်ဖြတ်မှုများပြုနေခဲ့မှုများတွင် SAC ၏ စစ်သား၊ ရဲသား၊ နိုင်ငံ့ဝန်ထမ်းများမပါဝင်ဘဲ သာမန်လက်နက်မဲ့၊ အပြစ်မဲ့ပြည်သူများ သ-တ်ဖြတ်ခံရမှုမှာ ၂၀၂၃ ခုနှစ် မတ်လ ၂၆ ရက်အထိ ၄၀၀၃ ဦးရှိပြီး ထိုသ-တ်ဖြတ်မှုများကို သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်ထားကြောင်း SAC ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အယ်လ်ဂျားဇီးယားသတင်းဌာနနှင့် တွေ့ဆုံစဥ် ဖြေကြားထားသည်။

“အခုအချိန်အထိ ကျွန်တော်တို့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံအစိုးရမှာ အမှုထမ်းနေတဲ့ ဝန်ထမ်းများမပါ။ ဒီနေ့ ဒီအချိန်အထိ ဒလန်ဆိုပြီး သူတို့သုံးနှုန်းနေတဲ့ ဒလန်ဆိုပြီးတော့ စွပ်စွဲပြီး အသ-တ်ခံရတဲ့ လူပေါင်း၊ ရဲမှာအမှုဖွင့်တိုင်ကြားထားတဲ့စာရင်းအရ ၄၀ဝ၃ ဦး ရှိပါတယ်။ သူတို့သည်လည်း အသက်နဲ့ပါပဲ”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News