MT News
Written by Nay Moe
လက်နက်မဲ့ယာဥ်ထိန်းတပ်ကြပ်ကြီးတစ်ဦးအား PDF သုံးဖွဲ့ပေါင်း၍ လုပ်ကြံသ-တ်ဖြတ်မှု မတ္တရာမြို့နယ်၊ ဆယ်ပယ်ရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆယ်ပယ်ရွာမှ ယာဥ်ထိန်းတပ်ကြပ်ကြီး အောင်ကျော်မျိုးသည် မတ္တရာမြို့မှ ဆယ်ပယ်ရွာသို့ ခေတ္တပြန်လာစဥ် Phoenix (SGG) PDF အဖွဲ့၊ Unicorn Guerrilla -ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့/စိန်ပန်းနီနီ(Drone) အဖွဲ့တို့မှ PDF သုံးဖွဲ့က မေလ ၂၇ ရက် ညဦးပိုင်းတွင် နေအိမ်အထိသွားရောက်ပစ်ခတ်သ-တ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း Phoenix (SGG) အဖွဲ့က ထုတ်ပြန်ထားမှုအရ သိရသည်။
အဆိုပါ သုံးဖွဲ့သည် ပြီးခဲ့သော မေလ ၂၁ ရက် ကန်တလူတိုးရ်ဂိတ်ကိုလည်း သွားရောက်တိုက်ခိုက်ခဲ့ကာ ယာဥ်ထိန်းရဲနှစ်ဦးကို သ-တ်ဖြတ်ခဲ့ပြီး ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ကလည်း ၎င်းတို့၏ Page တွင် “ခုတလော ဗျိုင်းသားတွေပဲ စားနေရတာ” ဟုဆိုကာ ယာဥ်ထိန်းတပ်ကြပ်ကြီးအောင်ကျော်မျိုးက ဒုရဲအုပ်လောင်းစာမေးပွဲဖြေဆိုရန် ဆန္ဒမရှိကြောင်း တင်ပြစာနှင့် ဖော်ပြထားသည်။
Phoenix (SGG) PDF အဖွဲ့၊ Unicorn Guerrilla -ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့/စိန်ပန်းနီနီ(Drone) အဖွဲ့တို့မှ PDF သုံးဖွဲ့က ပူးပေါင်းပစ်ခတ်မှုတွင် ယာဥ်ထိန်းတပ်ကြပ်ကြီးအောင်ကျော်မျိုးမှာ ကျည် ၈ ချက်ထက်မနည်း ထိမှန်သေဆုံးခဲ့ကြောင်း၊ ယာဥ်ထိန်းတပ်ကြပ်ကြီးအောင်ကျော်မျိုးတွင် လက်နက်ရှိသည်ဟုဆို၍ ရှာဖွေရာ ၎င်းမှာလက်နက်မရှိကြောင်း၊ ယာဥ်ထိန်းတပ်ကြပ်ကြီးအောင်ကျော်မျိုးကိုင်ဆောင်သည့်ဖုန်းတစ်လုံးကို PDF သုံးဖွဲ့က သိမ်းယူခဲ့ကြောင်း စသည်ဖြင့်လည်း ယာဥ်ထိန်းတပ်ကြပ်ကြီးအောင်ကျော်မျိုးကို သ-တ်ဖြတ်ကြသည့် PDF သုံးဖွဲ့မှ ယင်းတို့၏ နီးစပ်ရာသတင်းဌာနများကို ဖြေဆိုထားသည်။
