March 28, 2024

၂၆. ၅. ၂၀၂၃
Written by Nay Moe

အမျိုးသားရေးလှုပ်ရှားသူ ဦးတင့်လွင်သည် ယနေ့တွင် မြောက်ဒဂုံမြို့နယ်၌ PDF များ ထပ်မံပစ်ခတ်၍ သေဆုံးခဲ့ရသည်ဟု ယနေ့တွင် သေဆုံးခဲ့ရသည်ဟု သိရသည်။

ဦးတင့်လွင်အား Yangon Revolution Force (YRF) အဖွဲ့မှ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ဥက္ကာလင်းယံနှင့် Jame တို့၏ စေခိုင်းမှုဖြင့် YRF အဖွဲ့ဝင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ်သည် ၂၀၂၂ ဇူလိုင်လ ၁ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ မေယု(၄)လမ်း၊ “ပြည့်ဝမေ” လက်ဖက်ရည်ဆိုင်ရှေ့တွင် ဦးတင့်လွင်အား ပစ္စတိုဖြင့် ပထမအကြိမ် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော်လည်း ဦးတင့်လွင်မှာ စိုးရိမ်ရဒဏ်ရာသာ ရရှိခဲ့ပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာခဲ့သည်။

ထိုစဥ်ပစ်ခတ်မှုကို Yangon Revolution Force အဖွဲ့မှ ဇင်မျိုးဦး(ခ)Flash(ခ)သားငယ်က ကျုးလွန်စဥ် စိုးသူ(ခ)Red(ခ)ကောင်းဝေမှ အခြေအနေကြည့်ရှုပေးခဲ့ပြီး ၎င်းတရားခံနှစ်ဦးကို ယခုနှစ် မေ ၂၀ ရက်တွင် ဖမ်းမိခဲ့သည်။

သို့သော် ဦးတင့်လွင်မှာ Yangon Revolution Force အပါအဝင် မြို့ပြ UG PDF များမှ လိုက်လံချောင်းမြောင်းနေသဖြင့် ဆက်လက်တိမ်းရှောင်နေရာမှ ယနေ့ မေလ ၂၆ ရက် နေ့လည် ၁၂ နာရီ ၃၅ အချိန်ခန့်တွင် မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက် ဗိုလ်မှူးဗထူးလမ်းရှိ လက်ဖက်ရည်ဆိုင်တွင် မြို့ပြ UG PDF များက လာရောက်ပစ်ခတ်ရာ ဦးတင့်လွင်မှာ နေရာတွင်ပင် လဲကျသေဆုံးခဲ့သည်ဟု သိရပြီး ဒဏ်ရာရသူတချို့လည်း ရှိခဲ့သည်ဟု သိရသည်။

“ကိုတင့်က ပထမအကြိမ်မှာလည်း PDF တွေပစ်တာ အရှောင်ကောင်း အပြေးဦးလို့ သူလွတ်သွားတာ။ အခုတော့ သူမရှောင်နိုင်တော့ဘူး” ဟု မိတ်ဆွေတစ်ဦးက ပြောသည်။

ယနေ့တွင် ဦးတင့်လွင်အား ပစ်ခတ်သတ်ဖြတ်သူများမှာ ယခင်ပထမအကြိမ် ပစ်ခတ်သူများဖြစ်သည့် YRF အဖွဲ့ဝင်များ ဟုတ်မဟုတ် သိရှိရမှုမရှိသေးဘဲ လုပ်ကြံသည့်အဖွဲ့ကလည်း ဝန်ခံထုတ်ပြန်မှုမရှိသေးချေ။

Leave a Reply

Your email address will not be published. Required fields are marked *