၂၅. ၅. ၂၀၂၃
Written by Nay Moe

ရွှေဘိုမြို့ အမှတ်(၈) ရပ်ကွက် အုပ်ချုပ်ရေးမှူးအား PDF က လာပစ်သတ်၍ ပြည်သူများက ရိုက်နှက်ဖမ်းဆီးသဖြင့် ဆိုင်ကယ်ထားကာ ထွက်ပြေးရမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်မှာ မေလ ၂၃ ရက်က ရွှေဘိုခရိုင် ရွှေဘိုမြို့ အမှတ် (၈)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘိုမြင့် စျေးဝယ်ထွက်လာချိန် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာသော PDF တစ်ဦးက ဦးဘိုမြင့်အား ပစ်သတ်ရာ အနီးဝန်းကျင်မှ ပြည်သူများက ပစ်ခတ်သည့် PDF အား လက်သီးဖြင့်ထိုးခြင်း၊ တုတ်များဖြင့် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ထို PDF က သေနတ်ပစ်ဖောက်တားဆီးခဲ့သလို အမျိုးသမီးတစ်ဦးကလည်း PDF စီးလာသည့် ဆိုင်ကယ်ကို ကိုင်ထားကာ ယူဆောင်ခွင့်မပေးသဖြင့် ထို PDF က ဆိုင်ကယ်ထားကာ ထွက်ပြေးခဲ့ရသည်ကိုလည်း MT News က တွေ့မြင်ရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူး ဦးဘိုမြင့်အား ရွှေဘိုမြို့ပြ UG များဖြစ်သည့် Flying Dragon Force ၊ SHWEBO Defend Force (SBDF)LPDF စခန်း(၂)၊ Buffalo Soldiers. Freedom Force LPDF၊ ဗိုလ်မိကျောင်း ၊ Snake Eyes PDF နှင့် တန ၂ တပ်ပေါင်းစုမှ တစ်ပတ်ခန့် အချိန်ယူလေ့လာစောင့်ကြည့်၍ PDF နှစ်ဦးက လုပ်ကြံခဲ့ခြင်းဖြစ်သည်ဟုလည်း သိရပြီး မူဗီဖိုင်တွင်မူ တစ်ဦးသာ တွေ့မြင်ရကာ ကျန်တစ်ဦးမှာ လမ်းတစ်ဖက်တွင် စောင့်နေပြီး ရွှေဘို-ရေဦးကားလမ်းအတိုင်း ထွက်ပြေးသွားကြကြောင်း ဒေသခံများက MT News သို့ ပြောသည်။

ထို PDF အဖွဲ့များက ပစ်သတ်သည့် ဦးဘိုမြင့်မှာ ကျည်ထိမှန်ပြီး ဆေးရုံသို့ တင်ပို့ကုသမှုခံယူစဥ် သေဆုံးခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *