PDF ပစ်ခတ်၍ ထိခိုက်ဒဏ်ရာရသူ တနင်္သာရီရိုးမ ခရီးသည်တင်ယာဥ်မှ ခရီးသွားအား ကုသပေးခြင်းနှင့်ထောက်ပံ့ကြေးပေးနေမှုမြင်ကွင်း။

၂၅. ၅. ၂၀၂၃

Written by Nay Moe

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မန်ကျည်းကုန်းကျေးရွာအနီးတွင် တနင်္သာရီရိုးမ ခရီးသည်တင်ယာဥ်အား PDF များက လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မြိတ်-ထားဝယ်ဆက်သွယ်ထားသည့်လမ်းကြောင်းပေါ်ရှိ ပုလောမြို့နယ်၊ မန်ကျည်းကုန်းကျေးရွာအနီး၌ မော်တော်ယာဉ်ဖြတ်သန်းသွားလာမှုများအား နယ်မြေခံလုံခြုံရေးအဖွဲ့များက စစ်ဆေးဆောင်ရွက်လျက်ရှိစဉ် မေလ ၂၄ ရက် နေ့လယ် ၁ နာရီ ၃၅ မိနစ်ခန့်အချိန် PDF များက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လုံခြုံရေးစစ်ဆေးမှုခံယူလျက်ရှိသည့် တနင်္သာရီရိုးမ ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အပြစ်မဲ့ခရီးသွားပြည်သူ ၂ ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ဖြင့် ပုလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးရှိ PDF များသည် ခရီးသွားယာဥ်များအား မကြာခဏပစ်ခတ်တိုက်ခိုက်နေသော ဒေသဖြစ်ပြီး ထိုသို့ မှားယွင်းပစ်ခတ်မှုများကြောင့် ပြီးခဲ့သည့် ဧပြီ ၁ ရက်ကလည်း NUG ဩဇာခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မြိတ်ခရိုင်-တပ်ရင်း -၂ (People’s Defense Force – Myeik District) က မြတ်မန္တလာထွန်းခရီးသည်တင်ယာဥ်အား မှားယွင်းပစ်ခတ်ရာ ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦးသေဆုံးပြီးငါးဦးခန့် ဒဏ်ရာရမှုဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဥ်အတွက် မြိတ် PDF က ဧပြီ ၂ ရက်တွင် တောင်းပန်ခဲ့ရမှုဖြစ်ပွားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *