၂၂. ၅. ၂၀၂၃
Written by Kyaw Soe Moe (Pyapon)

ဖျာပုံမြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေအဖြစ် တောင်သူ ၂၃၀၀ ဦး၊ စိုက်ပျိုးဧက ၂၀၀၀၀ အတွက် ငွေကျပ်သိန်း ၃၀၀၀၀ အား ထုတ်ချေးပေးရန် စီစဥ်ထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ဖျာပုံခရိုင်ဘဏ်ခွဲ)မှ သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အနေဖြင့် ဖျာပုံပေါ်ဆန်းမွှေးစပါးကို အဓိကစိုက်ပျိုးလျက်ရှိသောဒေသဖြစ်ရာ ဖျာပုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အချိန်စေ့ကြွေးကျန်အားလုံးပြေကြေပြီး တောင်သူများအား ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို မေလ ၁၈ ရက် နံနက် ၁၀ နာရီအချိန်ကစပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေစတင်ထုတ်ချေးပေးရာတွင် ဖျာပုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်မန်နေဂျာ ဦးစိုးမင်းဝင်းက မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် အချိန်စေ့ကြွေးကျန်အားလုံး အပြေအကြေဆပ်ကြရန်နှင့် ကြွေးကျန်တောင်သူများအနေဖြင့် ရုံးဖွင့်ရက်များတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ ပေးသွင်းရန် ကျန်ရှိနေသောစိုက်ပျိုးစရိတ်ချေးငွေများအား အပြေအကြေပေးဆပ်ကြရန် တောင်သူများအားဆွေးနွေးပြောကြားခဲ့သည်။

ထိုနောက် ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအားအချိန်စေ့ကြွေးကျန်အားလုံးပြေကြေပြီးသူ ဖျာပုံမြို့နယ် ဘန့်ဘွေးစုကျေးရွာမှ တောင်သူ ၁၄ ဦးအား ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအဖြစ် တစ်ဧကလျှင် ကျပ် ၁၅၀၀၀၀ိ/ ကျပ်ဖြင့် အများဆုံးတစ်ဦးလျှင် ၁၀ ဧကအထိ ထုတ်ချေးပေးမည်ဖြစ်ပြီး ဘန့်ဘွေးစုကျေးရွာမှတောင်သူ ၁၄ ဦးအား လယ်မြေ ၁၂၃ ဧကအတွက် ကျပ် ၁၈၄ သိန်းခွဲ စတင်ထုတ်ချေးပေးခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *