RPGF PDF များ၏ ဖောက်ခွဲတိုက်ခိုက်မှုဖြစ်စဥ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးပါ ကျဆုံးခဲ့ဟု သိရ

၂၁. ၅. ၂၀၂၃
Written by Nay Moe

မန္တလေးနှင့် စစ်ကိုင်းမြို့များအတွင်းမှ ပြည်သူနှစ်ဦးကို သတ်ဖြတ်ပြီး ဖောက်ခွဲမှုကိုးကြိမ်ကျုးလွန်ထားသည့် Royal Phoenix Guerilla Force-RPGF PDF အဖွဲ့ဝင် ၁၃ ဦးကို ဖမ်းဆီးရမိထားသည်ဟု သိရသည်။

မန္တလေးမြို့နှင့် စစ်ကိုင်းမြို့မှပြည်သူများကို ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်ခြင်းများနှင့် အများပြည်သူဆိုင်ရာနေရာများကို ဗုံးခွဲတိုက်ခိုက်နေသူများအား ပြည်သူများ၏ လျှို့ဝှက်သတင်းပေးပို့တိုင်ကြားချက်များအရ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက် နေ့လယ်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်ရှိ “တော်ဝင်ဦး” တည်းခိုခန်း၊ အခန်းအမှတ်(၂၀၅)၌ Royal Phoenix Guerilla Force-RPGF အမည်ခံအဖွဲ့မှ ဒုတိယခေါင်းဆောင် ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ(ခ)ကောက်ကြီး အား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ချမ်းမြေ့ဦး၏ ထွက်ဆိုချက် အရ မေလ ၁၈ ရက် နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၄၆ လမ်းနှင့် ၁၀၇(အေ)လမ်းကြား၌ RPGF အဖွဲ့ ခေါင်းဆောင် စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့် အား လည်းကောင်း၊ RPGF အဖွဲ့ဝင်များဖြစ်သည့် ဇော်ထက်နှင့် ဟိန်းထက်တို့အား အမရပူရမြို့နယ်၊ ဧရာဝတီတံတား(ရတနာပုံ)စစ်ဆေးရေးဂိတ်တွင် လည်းကောင်း၊ ဇော်ရဲထက်(ခ)သားသား၊ အောင်ထွန်းမင်း(ခ)အော်တို၊ မင်းမင်းဦး(ခ)သက်ဦးမောင် တို့အား အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ စောဘငြိမ်း(ခ) ပြည်ငြိမ်းချမ်း(ခ) ကိုစော(ခ) ကိုပြည့် ၏ ထွက်ဆိုချက်အရ ယင်းနေ့ နေ့လယ်ပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်း ရပ်ကွက်၊ ၇၃(အေ)လမ်း၊ ၁၂၀ လမ်းနှင့် ၁၂၁ လမ်းကြား၌ တရားခံ ဝင်းမာ အား ကြိုးဆွဲလက်ပစ်ဗုံး ၅ လုံးဖြင့် လည်းကောင်း၊ RPGF အဖွဲ့ဝင် သူရစိုး(ခ)ကျောက်ရုပ် အား ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာတွင် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

အလားတူ စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့်နှင့် အောင်ထွန်းမင်း (ခ)အော်တို တို့၏ထွက်ဆိုချက်အရ ယင်းနေ့ ညပိုင်းတွင် RPGF အဖွဲ့အား ငွေကြေးထောက်ပံ့ပေးနေသူများဖြစ်သည့် တရားခံ ခိုင်ခိုင်အောင် အား ချမ်းအေးသာဇံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ သင်္ဂချောင်းလမ်းတွင်လည်းကောင်း၊ တရားခံ ရန်နောင်ဖြိုး အား ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ တိုက်အမှတ်(၁၉)၊ အခန်းအမှတ် (၁၉)တွင် လည်းကောင်း၊ တရားခံ သူဇာဝေနှင့် အောင်ရဲကျော်တို့အား ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် တရားခံ ကျား ၁၀ ဦး၊ မ ၃ ဦး၊ ပေါင်း ၁၃ ဦးတို့အား တရုတ် ကြိုးဆွဲလက်ပစ်ဗုံး ၅ လုံးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဧပြီလတွင် စောဘငြိမ်း(ခ) ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့်၊ ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ(ခ)ကောက်ကြီး၊ မင်းမင်းဦး(ခ)သက်ဦးမောင်၊ ဇော်ထက်နှင့် ဇော်ရဲထက်(ခ)သားသား တို့သည် ဗုံးဖောက်ခွဲအကြမ်းဖက်သင်တန်းတက်ခဲ့ရာ KIA တပ်မဟာ(၄) စခန်းမှ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိနေထိုင်စဉ် ချမ်းမြေ့ဦး(ခ) ဘရိတ်ကီ(ခ) ကောက်ကြီး သည် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPHi NUG မှ တရားခံပြေး ရည်မွန် ဦးဆောင်ပြုလုပ်သည့် ZOOM Meeting များတွင် တက်ရောက်ခဲ့ကြောင်း၊ တရားခံပြေး ရည်မွန် ၏ စေခိုင်းမှုဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် မန္တလေးမြို့ နှင့် စစ်ကိုင်းမြို့များအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ရန် ရည်ရွယ်၍ RPGF အဖွဲ့ အား စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့် နှင့် ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ (ခ)ကောက်ကြီး တို့မှ ခေါင်းဆောင်၍ ဇော်ထက်၊ ဟိန်းထက်၊ ဇော်ရဲထက်(ခ)သားသား၊ အောင်ထွန်းမင်း(ခ)အော်တို၊ မင်းမင်းဦး (ခ)သက်ဦးမောင်၊ သူရစိုး(ခ)ကျောက်ရုပ် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ဟိန်းမြတ်မင်း(ခ)ဖိုးသား၊ ဒေးဗစ်၊ ခေါင်းကြီး၊ ဘီလူး၊ ပေါက်ကျော်(ခ)စကုတ်၊ ကျော်ကြီး(ခ)အရှည်ကြီး၊ ထွန်းထွန်း(ခ)ဂျင်းမွှေး၊ မဲကြီး အပါ အဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ RPGF အဖွဲ့မှ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက် ရန်အတွက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားခံပြေး ရည်မွန် မှ ပစ္စတို ၂ လက်နှင့် ၎င်းကျည် ၅၀ တောင့် တို့အား ပေးပို့ခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံ ပေါက်ကျော်(ခ)စကုတ် ထံတွင် သိမ်းဆည်းထားကြောင်း၊ ထို့အပြင် ဖောက်ခွဲရေးပစ္စည်းများ ဝယ်ယူရန်အတွက် ရန်နောင်ဖြိုး မှ ငွေကျပ် ၅ သိန်း၊ အောင်ရဲကျော် မှ ငွေကျပ် ၁၀ သိန်း၊ ခိုင်ခိုင်အောင်မှငွေကျပ် ၁၀ သိန်း၊ သူဇာဝေ မှ ငွေကျပ် သိန်း ၂၀ နှင့် ရိက္ခာပစ္စည်းများ ထောက်ပံ့ပေး ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ RPGF အဖွဲ့ ခေါင်းဆောင် စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့်၏ ခိုင်းစေမှုဖြင့် မန္တလေးမြို့ နှင့် စစ်ကိုင်းမြို့များအတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်မှု ၂ ကြိမ် ကျူးလွန်ခဲ့သည်။

ထိုပြစ်မှုများမှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်တွင် ဇော်ထက်၊ ဇော်ရဲထက် (ခ)သားသား၊ အောင်ထွန်းမင်း(ခ)အော်တို နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ပေါက်ကျော်(ခ)စကုတ်၊ ဟိန်းမြတ်မင်း(ခ) ဖိုးသားနှင့် ဒေးဗစ် တို့သည် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်ရှိ “နှင်းရွှေရည်”လက်ဖက်ရည်ဆိုင်၌ အပြစ်မဲ့ပြည်သူ ဦးကျော်စိုး အား ဒလန်ဟု စွပ်စွဲကာ ပစ္စတိုဖြင့် ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။ အလားတူ ဧပြီလ ၂၇ ရက်တွင် စောဘငြိမ်း(ခ) ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့် ခေါင်းဆောင်၍ ဇော်ထက်၊ ဇော်ရဲထက်(ခ)သားသား၊ အောင်ထွန်းမင်း (ခ)အော်တို နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ပေါက်ကျော် (ခ)စကုတ်၊ ထွန်းထွန်း(ခ)ဂျင်းမွှေး တို့သည် ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးအား လုပ်ကြံ သတ်ဖြတ်ရန် သွားရောက်စဉ် နေအိမ်၌ တွေ့ရှိခြင်းမရှိသဖြင့် ၎င်း၏ သားဖြစ်သည့် အပြစ်မဲ့ပြည်သူ ဦးစန်းယုမောင် အား ပစ္စတိုဖြင့် ပစ်ခတ် လုပ်ကြံသတ်ဖြတ် ခဲ့ပြီး သူရစိုး(ခ)ကျောက်ရုပ်မှ အခြေအနေကြည့်ရှု ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ထို့အပြင် ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ RPGF အဖွဲ့မှ မန္တလေးမြို့ နှင့် စစ်ကိုင်းမြို့များအတွင်း မိုင်းထောင်ဖောက်ခွဲမှု ၉ ကြိမ် ကျူးလွန်ခဲ့​သည်။

ထိုလုပ်ရပ်များမှာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၆ ရက်တွင် စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော (ခ)ကိုပြည့်၊ ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ(ခ)ကောက်ကြီးနှင့် ဖမ်းဆီးရန် ကျန်တရားခံ ပေါက်ကျော်(ခ)စကုတ် တို့သည် မဟာအောင် မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ၆၂ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြားရှိ “Space Bar” စားသောက်ဆိုင်ရှေ့၌ လက်လုပ်မိုင်း ၁ လုံးဖြင့် သွားရောက် ပစ်ခတ်ဖောက်ခွဲခဲ့ရာတွင် အပြစ်မဲ့ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း။ မေလ ၂၂ ရက်တွင် စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ) ကိုပြည့်၊ ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ(ခ)ကောက်ကြီးနှင့် ဖမ်းဆီးရန်ကျန် တရားခံ မဲကြီး တို့သည် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်ရှိ တိုင်းတရား လွှတ်တော်ရုံးရှေ့၌ လက်လုပ်မိုင်း ၁ လုံးဖြင့် သွားရောက် ပစ်ခတ် ဖောက်ခွဲခဲ့ကြောင်း။ မေလ ၂၉ ရက်တွင် စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့်၊ ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ(ခ)ကောက်ကြီးနှင့် ဖမ်းဆီးရန်ကျန် တရားခံ မဲကြီး တို့သည် မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်ရှိ “JIN CHENG”ဟိုတယ်ရှေ့၌ လက်လုပ်မိုင်း ၁ လုံးဖြင့် သွားရောက် ဖောက်ခွဲခဲ့ကြောင်း။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်တွင် စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း (ခ)ကိုစော(ခ)ကိုပြည့်၊ ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ(ခ)ကောက်ကြီးနှင့် ဖမ်းဆီးရန်ကျန်တရားခံ ပေါက်ကျော်(ခ)စကုတ် တို့သည် အမရပူရ မြို့နယ်၊ မှန်တန်းရပ်ကွက်ရှိ ပုထိုးတော်ကြီးဘုရားရှေ့၌ လက်လုပ်မိုင်း ၁ လုံးဖြင့် သွားရောက်ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း သိရသည်။

ထို့အတူ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော (ခ)ကိုပြည့်၊ ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ(ခ)ကောက်ကြီးနှင့် ဖမ်းဆီးရန်ကျန် တရားခံ ကျော်ကြီး(ခ)အရှည်ကြီး တို့သည် ချမ်းမြသာစည် မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ မန္တလာသီရိဘောလုံးကွင်းအရှေ့ဘက်ရှိ လုံခြုံရေး ဂိတ်ကင်းအား လက်လုပ်မိုင်း ၁ လုံးဖြင့် သွားရောက် ဖောက်ခွဲခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးနှင့် အပြစ်မဲ့ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း။ ဖေဖော်ဝါရီလ ၁၇ ရက်တွင် စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော (ခ)ကိုပြည့်၊ ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ(ခ)ကောက်ကြီး တို့သည် ချမ်းအေးသာဇံ မြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်မိုင်း ၁ လုံးဖြင့် သွားရောက်ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။ ဖေဖော်ဝါရီလ ၂၁ ရက်တွင် စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော (ခ)ကိုပြည့်၊ ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ(ခ)ကောက်ကြီးနှင့် ဖမ်းဆီးရန် ကျန်တရားခံ ကျော်ကြီး(ခ)အရှည်ကြီး တို့သည် မဟာအောင်မြေ မြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်မိုင်း ၁ လုံးဖြင့် သွားရောက်ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။ မတ်လ ၂၂ ရက်တွင် စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့်၊ ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ(ခ)ကောက်ကြီးနှင့် ဖမ်းဆီးရန်ကျန် တရားခံ ကျော်ကြီး(ခ)အရှည်ကြီး တို့သည် အမရပူရမြို့နယ်ရှိ ခရိုင်တရားရုံးအား လက်လုပ်မိုင်း ၁ လုံးဖြင့် သွားရောက်ပစ်ခတ်ဖောက်ခွဲခဲ့ရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း။ ဧပြီလ ၁၁ ရက်တွင် ချမ်းမြေ့ဦး(ခ)ကောက်ကြီး(ခ)ဘရိတ်ကီ၊ ဇော်ထက်၊ ဇော်ရဲထက်(ခ)သားသား၊ အောင်ထွန်းမင်း(ခ)အော်တိုနှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ကျော်ကြီး(ခ)အရှည်ကြီး၊ ဟိန်းမြတ်မင်း(ခ) ဖိုးသား တို့သည် စစ်ကိုင်းမြို့ ၊ ပတ္တမြားရပ်ကွက်ရှိ လျှပ်စစ်ဓာတ်အား ပေးခွဲရုံအား လက်လုပ်မိုင်း ၂ လုံးဖြင့် သွားရောက်ပစ်ခတ် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ဝန်ခံခဲ့ကြသည်။

ထို့အပြင် RPGF အဖွဲ့အနေဖြင့် “အောင်စည်တော်” စစ်ဆင်ရေးအမည်ဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ချမ်းအေးသာဇံမြို့နယ်၊ ၁၅ လမ်းနှင့် ၆၆ လမ်းထောင့်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းအိမ်ရာနေ အပြစ်မဲ့ပြည်သူ တစ်ဦးအား လည်းကောင်း၊ ချမ်းအေးသာဇံမြို့နယ်၊ အနောက်ရပ်ကွက်နေ အပြစ်မဲ့ ပြည်သူတစ်ဦးအား လည်းကောင်း ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ရန်နှင့် ချမ်းအေး သာဇံမြို့နယ်၊ ၇၈ လမ်းနှင့် ၃၂ လမ်းထောင့်အနီးရှိ ယာဉ်ထိန်းရုံး အား လက်လုပ် မိုင်းဖြင့် ပစ်ခတ်ဖောက်ခွဲရန် စီစဉ်ထားသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကြိုတင်သတင်း လက်ဦးမှုရယူကာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းကြောင့် အချိန်မီတား ဆီးကာကွယ်နိုင် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိခဲ့သော တရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေးအတွက် လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပြီး သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *