MT News

Written by Tha Doe

အမေရိကန်တွင် ပြုလုပ်မည့် မြန်မာ-အမေရိကန်စီးပွားရေး Workshop တွင် မြန်မာလုပ်ငန်းရှင် ၁၈ ဦးပါ တက်ရောက်မည်ဖြစ်ကြောင်း လော့စ်အိန်ဂျယ်လိစ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ သိရသည်။

ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာ-အမေရိကန် အသိုက်အဝန်း၏ စီးပွားရေးလုပ်ငန်းများ တိုးတက်မှုအခွင့်အလမ်း ပိုမိုရရှိစေရန် ရည်ရွယ်လျက် လော့စ်အိန်ဂျယ်လိစ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် William Stephanie Foundation တို့ ပူးတွဲ၍ Myanmar Business Community Workshop တစ်ရပ်အား ၂ဝ၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပနိုင်ရေး ညှိနှိုင်း စီစဉ်လျက်ရှိကြောင်း စက်တင်ဘာ ၂၆ ရက်က စတင် ကြေညာခဲ့သည်။

အဆိုပါ Workshop တွင် ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာ-အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များအပြင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ (ယနေ့အထိ လုပ်ငန်းစုံမှ စီးပွားရေး လုပ်ငန်းရှင် ၁၈ ဦး ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း အမည်စာရင်း ရရှိထားပြီးဖြစ်ပါသည်) ပါ တက်ရောက်မည်ဖြစ်ပါသဖြင့် Workshop အား နှစ်ဘက်အဆင်ပြေသည့်အချိန်ကို ရွေးချယ်၍ Hybrid Format (In Person + Online) ဖြင့် ကျင်းပသွားမည်ဖြစ်သည်။

ယခု Workshop သည် မြန်မာ-အမေရိကန်အသိုက်အဝန်း မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများအတွက် ချေးငွေ၊ ဈေးကွက်ရှာဖွေခြင်းနှင့် e-commerce အပြင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် သွင်းကုန်/ ပို့ကုန်ဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးခြင်းနှင့် မြန်မာနိုင်ငံမှ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (SME) များနှင့် ချိတ်ဆက်ခြင်းများ ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းဖြစ်သည်။ ကောင်စစ်ဝန်ချုပ်ရုံး အနေဖြင့် ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာ-အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များ၏ Financial Transaction ကိစ္စအပါအဝင် အခြားစိုးရိမ်ပူပန်မှုများကို အထိုက်အလျောက် သိရှိရသဖြင့် ယခုအချိန်တွင် Logistic ပိုင်းအပါအဝင် ပို့ကုန်/ သွင်းကုန်ဆိုင်ရာ လိုအပ်ချက်များကို သိရှိထားခြင်း ကွန်ရက်များတည်ဆောက်ခြင်း စသည့်အခြေခံများ တည်ဆောက်ထားခြင်းဖြင့် အခြေအနေပေးလာသည့်အခါတွင် အသင့်အနေအထားရှိမည်ဖြစ်သည်။

တက်ရောက်မည့်သူနှင့် အကြောင်းအရာအလိုက် ဆွေးနွေးနိုင်မည့် အခြေအနေကိုလိုက်၍ Workshop အား ဒီဇင်ဘာလထက်စော၍ ကျင်းပနိုင်ခြေရှိခြင်းကြောင့် စိတ်ပါဝင်စားသူများ အနေဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး အီးမေးလ်ဖြစ်သည့် [email protected] သို့ ဆက်လက် ဆက်သွယ်စုံစမ်းမေးမြန်းခြင်း၊ အမည်စာရင်းပေးခြင်းများ ဆောင်ရွက်နိုင်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *