MT News

၁၆. ၅. ၂၀၂၃

သီတဂူဆရာတော်ကြီးက ရခိုင်ပြည်နယ်မှ သဘာဝဘေးဒဏ်​သင့် ပြည်သူများအား ကူညီဆောင်ရွက်ရေးအတွက် ကျပ်သိန်း ၁၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်သဘာဝဘေးသင့် ပြည်သူများအား ကူညီဆောင်ရွက်ရေးအတွက် အလှူငွေလှူဒါန်းခြင်းကို မေလ ၁၅ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ ပြုလုပ်ရာ နိုင်ငံတော် ဩဝါဒါ စရိယသောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့နောက် သီတဂူဆရာတော်ကြီးက ရခိုင်ပြည်နယ်မှ သဘာဝ ဘေးသင့် ပြည်သူများအား ကူညီဆောင်ရွက်ရေးအတွက် အလှူငွေကျပ် သိန်း ၁၀၀၀ ကို လှူဒါန်းရာ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ခံရယူပြီး ကျေးဇူးတင်စကားများ ပြန်လည်လျှောက်ထားခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *