အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် Move Forward Party ခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ် အာ မေလ ၁၅ ရက်က ထောက်ခံသူများနှင့်အတူ တွေ့ရစဉ်

၁၅. ၅. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံတွင် မေလ ၁၄ ရက်က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည့် Move Forward Party ခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ် က ယခင်အတိုက်အခံပါတီငါးပါတီနှင့် ပါတီသစ် တစ်ပါတီ စုစုပေါင်းခြောက်ပါတီပေါင်းစည်း၍ စုစုပေါင်းအမတ် ၃၀၉ နေရာဖြင့် ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းရန် စီစဉ်ထားပြီး ၎င်းက ဝန်ကြီးချုပ်အဖြစ်တာဝန်ယူသွားမည်ဖြစ်ကြောင်း မေလ ၁၅ ရက်တွင် ကြေညာခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်က ၎င်း၏ Move Forward Party မှာ စုစုပေါင်း အမတ်နေရာ ၁၅၁ နေရာဖြင့် အနိုင်ရပါတီဖြစ်ကြောင်း မေလ ၁၅ ရက်တွင် တရားဝင်သတင်းထုတ်ပြန်ပြီးနောက် ပီတာက ဤသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းက ရွေးကောက်ပွဲအောင်နိုင်မှုကို ထိုင်းနိုင်ငံတွင် နောက်အစိုးရ ဖွဲ့စည်းရေးအတွက် အဓိကကျသူအဖြစ် ပြည်သူက တာဝန်အပ်နှင်းလိုက်သကဲ့သို့ မှတ်ယူပါကြောင်း ပြောကြားခဲ့သည်။

ပီတာက ဖျူထိုင်းပါတီမှ ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏သမီးဖြစ်သူ ပေတုံတန် ရှင်နာဝါထရာကိုလည်း ရွေးကောက်ပွဲမဲဆွယ်လှုပ်ရှားမှုကာလအတွင်း ၎င်း၏ ဆုံးဖြတ်ချက်အတွက် ဂုဏ်ပြုချီးကျူးစကားပြောခဲ့ပြီး ညွန့်ပေါင်းအစိုးရသို့ ပါဝင်ပါရန်လည်း ဖိတ်ခေါ်ခဲ့သည်။ Move Forward Party ကို မစ္စက် ပေတုံတန်ကလည်း ပြန်လည်ဂုဏ်ပြုချီးကျူးစကားပြောခဲ့ကြောင်းနှင့် ၎င်းတို့နှစ်ပါတီ ညှိနှိုင်းဆွေးနွေးမှုများ ပြုနေသည်ဟု မီဒီယာများကို ပွင့်ပွင့်လင်းလင်းပြောလိုကြောင်းလည်း ပီတာကပြောခဲ့သည်။

ညွန့်ပေါင်းအစိုးရဖွဲ့ရာတွင် ပါဝင်ရန် အခြားသော အတိုက်အခံပါတီသုံးခုဖြစ်သည့် Thai Sang Thai, Prachachart နှင့် Seri Ruam Thai ပါတီများနှင့် သဘောတူထားကာ ထို ငါးပါတီမှ အမတ် ၃၀၈ ဦး ရရှိထားသည်ဟုသိရသည်။ ထို့ပြင် ပီတာက Pen Tham(သို့မဟုတ်)Fair Party နှင့်လည်း ညွန့်ပေါင်း အစိုးရတွင်ပါဝင်ရန် ဆက်သွယ်နေကြောင်း၊ ထိုပါတီက နိုင်ငံတောင်ပိုင်းပြည်နယ်သုံးခုတွင် ငြိမ်းချမ်းရေး ရရှိရေး ခက်ခဲကြမ်းတမ်းစွာ ဆောင်ရွက်နိုင်သောပါတီဖြစ်ရမည်ဟုလည်း ပြောခဲ့သည်။

Ref——- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Related News