၂. ၅. ၂၀၂၃
Written by Nyein Kyaw

ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာ ၁၁၁၁၁ ပါးဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကြီးမှူး၍ မေလ ၂ ရက် (ယနေ့)တွင် ကျင်းပခဲ့သည်။

ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားကို ၂၀၂၃ ခုနှစ် မေလ ၂ ရက်၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် အရုဏ်တက်ချိန်၌ ‌ရွှေတိဂုံစေတီတော် အထက်ပစ္စယံနှင့် ပြည်သူ့ရင်ပြင်တို့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော် (၁၁၁၁၁) ပါးဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင်နှင့် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲ အခမ်းအနားအား ယနေ့နံနက် ၆ နာရီတွင် စတင်ကျင်းပခဲ့ပြီး ကြွရောက်လာသော သံဃာတော်များအား အရုဏ်ဆွမ်းဆပ်ကပ်ခြင်း၊ သီလပေး တရားနာခြင်းနှင့် အလှူရှင်များအား သာဓုအနုမောဒနာမျှဝေခြင်းနှင့် အနေကဇာတင်ခြင်းများကို သံဃာတော်အရှင်သူမြတ်များက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။

သံဃာ ၁၁၁၁၁ ပါး စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက် အစိုးရဌာနအသီးသီးမှ တာဝန်ရှိသူများ၊ အများပြည်သူများက ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္တုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *