MT News

Written by Ye Kyaw

ပြည်တွင်းရွှေဈေးသည် ကျပ် ၂၉ သိန်းအထက်တွင် ဆက်ရှိနေခြင်းကြောင့် ပြည်တွင်းရွှေဈေးကွက်၌ တရားမဝင်ပုဂ္ဂိုလ်များ တရားမဝင်ပစ္စည်းများအား အရောင်းအဝယ်မပြုလုပ်ရန် ဧပြီ ၂၈ ရက်တွင် ရွှေဈေးနှုန်းတည်ငြိမ်စေရေးအတွက် ပြုလုပ်သည့် အစည်းအဝေး၌ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှ အထွေထွေအတွင်း‌ရေးမှူး ဦးဝင်းမြင့်က ပြောသည်။

“တရားမဝင်ပုဂ္ဂိုလ်များ တရားမဝင်ပစ္စည်းများအား အရောင်းအဝယ်မလုပ်ဖို့နဲ့ သတ်မှတ်ဈေးနှုန်းထက် အဆမတန်မြင့်မားစွာ ရောင်းချမှု မပြုလုပ်ရန် မေတ္တာရပ်ခံပါတယ်” ဟို ရန်ကုန်တိုင်းရွှေလုပ်ငန်းများအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်မြင့်က ပြောသည်။

ရွှေဆိုင်၊ ရွှေလုပ်ငန်းရှင်များအနေဖြင့် အရောင်းအဝယ်ပြုလုပ်ရာတွင် အဆင်ပြေစေရန် သတ္တုလိုင်စင်များကိုလည်း လျှောက်ထားပြုလုပ်ကြရမည်ဖြစ်ပြီး ရွှေဆိုင်များအနေဖြင့် သတ်မှတ်ဈေနှုန်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂၉ သိန်းဝန်းကျင်ဖြင့်သာ ရောင်းချရန် ထုတ်ပြန်ထားသည်။

ပြည်တွင်းရွှေဈေး ကျပ်သိန်း ၃၀ ကျော်အထိ မြင့်တက်ခဲ့သဖြင့် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂၉ သိန်းအောက်၌သာ အရောင်းအဝယ်ပြုလုပ်ရန် ဧပြီ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက အသိပေးကြေညာခဲ့သည်။ သို့သော် ဧပြီ ၂၈ ရက် (ယနေ့)တွင် အခေါက်ရွှေတစ်ကျပ်သား ၂,၉၉၅,၀၀၀ ကျပ် ဖြစ်ပေါ်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *