၂၈. ၄. ၂၀၂၃
Written by Nay Moe

NUG ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၏ တူတော်စပ်သူမှာ စစ်ကိုင်းတွင် အသက်ပေးခဲ့ရကြောင်း ဒေါက်တာတူးခေါင်က ယနေ့ ရေးသားထားသည်။

“ငါ့တူ။ စစ်ကိုင်းမှာ တိုင်းပြည်အတွက် အသက်ပေးသွားတယ်။ Dujum Hkalen Zau Seng. I deeply salute you. Your Uncle” ဟု ဒေါက်တာတူးခေါင်က ရေးသားထားသည်။ သို့သော် မည်သည့်နေရာတွင် မည်သို့ကြောင့် သေဆုံးရသည်ကိုမူ ဒေါက်တာတူးခေါင်က ရေးသားဖော်ပြမှုမရှိသကဲ့သို့ စစ်ကိုင်းတိုင်းမှ PDF များ၊ ပကဖများနှင့် NUG ၏ MOD ကလည်း ဖော်ပြမှု မရှိချေ။

ကချင်ပြည်နယ်၏ Buffer Zone ဖြစ်လာသော စစ်ကိုင်းတိုင်းမှာ လွတ်မြောက်နယ်မြေဟု ကြွေးကြော်မှုများကြောင့် လခရစစ်ကြောင်းများ၏ ထိုးစစ်ဆင်မှုကို ခုခံနေရပြီး နေ့စဥ် စစ်ကိုင်းတိုင်းအနှံ့အပြားတွင် တိုက်ပွဲများ ပြင်းထန်နေသည်။

ဒေါက်တာတူးခေါင်၏ တူဖြစ်သူ အသက်ပေးရသည်ဆိုသည့်အပေါ် ပယ်ဖျက်ခံထားရသည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကလေးမြို့မှ အနိုင်ရဖူးသူ ဒေါ်သန့်ဝေကျော်က “ကချင်မှာ စစ်ကိုင်းသားတွေ ကျဆုံးကြရ။ စစ်ကိုင်းမှာ ကချင်သားတွေ အသက်ပေးကြရနဲ့။ တော်လှန်ရေးအတွက် ထိရောက်တဲ့ ပေးဆပ်မှုတွေဖြစ်ကြပါစေ။ သူတို့အသက်တွေ ပေးဆပ်ရမှုတိုင်းအတွက် ဖက်ဒရယ်လမ်းကို လျှောက်လှမ်းနိုင်ကြမှသာ ထိုက်တန်မှာပါ” ဟု မှတ်ချက်ပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News