April 29, 2024

၂၈. ၄. ၂၀၂၃

Written By Thandar

ကမ်းထရီးစတားရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်တဲ့ အတ္တရှေ့ထားရင်မှားတတ်တာကို မီးမောင်းထိုးပြတဲ့ “ဘယ်တော့မှအရှုံးမပေးဘူး” Never Give Up ရုပ်ရှင်ဇာတ်ကား Red Carpet Show ကို ဧပြီ ၂၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါ တယ်။

၂၀၁၈ ခုနှစ်ထဲက ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကို ဒီနေ့ ဧပြီ ၂၈ ရက်မှာ မြန်မာတစ်ပြည်လုံးက အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

“နှစ်ပေါင်းမြောက်များစွာကြာမှ ကိုယ့်ကားလေး ရုံတင်ခွင့်ရလို့လည်း ဝမ်းသာပါတယ်။ လောကကြီးက လိုတာထက်ပိုပြီးလောဘကြီးတဲ့ ယောက်ျားရယ်။ လိုတာထက်ပိုပြီးလောဘကြီးတဲ့ မိန်းမ ဘယ်တော့မှ ဇာတ်သိမ်းမကောင်းဘူးဆိုတာကို ဒီကားမှာ Message ပေးထားပါတယ်။ ဘာမှမဟုတ်တဲ့ မာနတစ်ခုနဲ့ တစ်ဖက်နဲ့တစ်ဖက်အလျှော့မပေးတဲ့ ပြဿနာတစ်ခုကြောင့် သေကြေပျက်စီးပြီးတော့ လုံးဝဘဝပျက်သွားတဲ့အထိဖြစ်လာတဲ့ ပြဿနာတစ်ခုကို မီးမောင်းထိုးပြထားပါတယ်။ ဒီရုပ်ရှင်ကားကို ပရိသတ်တွေ လာကြည့်ပေးဖို့ပဲ ဆုတောင်းပါတယ်”လို့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်း ဘရဏီကျော်၊ ဇာတ်ညွှန်းမိုးစက်ဝိုင်တို့က ရေးသားပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က သရုပ်ဆောင်တွေဖြစ်တဲ့ နေတိုး၊ နေမျိုးအောင်၊ ထွန်းကိုကို၊ စိုးမြတ်သူဇာ၊ အေးမြတ်သူ၊ ရွှေသမီး၊ ဇင်ဝိုင်း၊ ထူးခြား၊ သိန်းလင်း၊ ထူးသူရိန်မင်း၊ ကြယ်ဖြူရှင်းသန့်၊ သန်းသန်းစိုး ၊ ရွှေရေးခြယ်၊ ပန်းအိဖြူနဲ့ အနုပညာရှင်များစွာပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *