April 29, 2024

Natogyi PDF အဖွဲ့က ပစ်ခတ်သ-တ်ဖြတ်ခြင်းဖြစ်ကြောင်း သိရ

၂၇. ၄. ၂၀၂၃
Written by Min Mahar

နွားထိုးကြီးမြို့နယ်ရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် နွားထိုးကြီးမြို့နယ်၊ မြင်းခြံ – ရေဝန်းသို့သွားသည့်ကားလမ်းဘေးတွင် သေနတ်ဖြင့် ၈ ချက်ခန့် ပစ်ခတ်သတ်ဖြတ်ခံရ၍ သေဆုံးနေသော ရုပ်အလောင်းအား ယမန်နေ့ညဦးပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များမှ သိရသည်။

ဖြစ်စဉ်မှာ  မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ထန်းဇင်ကျေးရွာ၊ မြင်းခြံ – ရေဝန်းသွား ကားလမ်းမဘေးရှိ ထန်းဇင်ကန်​အနီးတွင် နွားထိုးကြီးမြို့နယ်ရဲစခန်းမှ ရဲတပ်သားခိုင်မင်းထွန်းအား အမည်မသိလူသတ်သမားများက သေနတ်ဖြင့် ၈ ချက်ခန့် ပစ်သတ်သွားသောရုပ်အလောင်းအား ဧပြီလ ၂၆ ရက် ည ၇ နာရီဝန်းကျင်က တွေ့ရှိခဲ့သည်။

အဆိုပါရဲတပ်သားသည် ယာဘက်နားထင်ကိုဖောက်ဝင်သည့် ဒဏ်ရာ ၁ ချက်၊ နောက်ကြောကိုပါဖောက်ဝင်သည့်ဒဏ်ရာ ၂ ချက်၊ ယာဘက်အောက်မေးရိုးကိုလည်း ဖောက်ဝင်သွားသည့် ဒဏ်ရာ ၁ ချက်၊ ဝဲဘက်နားရွက်အောက်ကိုဖောက်ဝင်သော ဒဏ်ရာ ၁ ချက်၊ ရင်ညွန့်ကိုပါဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ကိုဖောက်ထွက်သောဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်မောင်းအား ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်၊ ယာဘက်လက်ကောက်ဝတ်စုတ်ပြဲဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးနေသည့်ရုပ်အလောင်းအား တွေ့ရှိခဲ့ကာ သက်ဆိုင်ရာမှလာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာအနီးဝန်းကျင်မှ M 22 ကျည်ခွံ ၄ ခုတွေ့ရှိရပြီး ၎င်းသေဆုံးမှုနှင့်ပတ်သက်သော အသေးစိတ်ဖြစ်စဥ်အား မသိရှိရသေးသောကြောင့် သက်ဆိုင်ရာလုံခြံရေးတပ်ဖွဲ့ဝင်များက လူသတ်တရားခံအား ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းစစ်ဆေးနေကြပြီး အမည်မသိလူသတ်တရားခံများအား ဥပဒေအရအရေးယူနိုင်ရေးအတွက် အမှုဖွင့်ဆောင်ရွက်ထားကြောင်းလည်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူထံမှ သိရသည်။

ထိုဖြစ်စဥ်တွင် ရဲတပ်သားခိုင်မင်းထွန်းကို သ-တ်ဖြတ်သူများမှာ NUG ဩဇာခံ Natogyi PDF အဖွဲ့ဖြစ်ပြီး ယင်းတို့၏ Facebook Page များနှင့် Telegram ချန်နယ်လ်များ၌” 26.4.2023 ရက်နေ့ ည(၇)နာရီ အချိန်ခန့်တွင် ရဲတပ်ကြပ်(ခိုင်မင်းထွန်း)သည် နွားထိုးကြီးမြို့မရဲစခန်းမှ မြို့၏အရှေ့ဘက် ကင်းစခန်းရှိရာနေရာသို့ ထွက်ခွာလာသည်။ ထန်းဇင်းကျေးရွာအနီးတွင် ကျွန်ုပ်တို့ Natogyi People Defence Force မြင်းခြံခရိုင် အမှတ်၄-တပ်ရင်းမှရဲဘော်များမှ ၎င်းရဲတပ်ကြပ်အား သုတ်သင်ရှင်းလင်းလိုက်ပါသည်”ဟု ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News