April 29, 2024

၂၇. ၄. ၂၀၂၃
Translated by Htwe Ko Tun

အာဂျင်တီးနားနိုင်ငံစီးပွားရေးဝန်ကြီး ဆာဂျီအို မတ်ဆာက နိုင်ငံ၏ ပြည်ပအရန်ငွေများလျော့နည်းလာမှုကြောင့် အာဂျင်တီးနားနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သွင်းကုန်များအတွက် အမေရိကန်ဒေါ်လာအစား ယွမ်ငွေဖြင့်သာ ပေးချေသွားမည်ဖြစ်ကြောင်း ဧပြီလ ၂၆ ရက်က ပြောခဲ့သည်။

ထိုသို့ပေးချေမှုအတွက် မေလမှစတင်၍ပြုလုပ်သွားမည်ဖြစ်ကြောင်း အာဂျင်တီးနားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် ဗျူနိုအေရီးစ်မြို့တွင် တွေ့ဆုံဆွေးနွေးအပြီး ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့ပေးချေမှုက အာဂျင်တီးနားနိုင်ငံ၏ ပြည်ပအရန်ငွေ အမေရိကန်ဒေါ်လာများကိုအသုံးပြုမှုနေရာတွင် အစားထိုးနိုင်မည်ဖြစ်သည်။

အာဂျင်တီးနားအစိုးရက အတိုက်အခံလက်ယာစွန်းပါတီအား နိုင်ငံ၏ ပီဆိုငွေကြေးကို ဒေါ်လာဖြင့်လဲလှယ်မှုတွင် တန်ဖိုးကျဆင်းအောင်ပြုလုပ်နေကြောင်းနှင့် စုံစမ်းစစ်ဆေးမှု ပြု လုပ်ရန် ဧပြီလ ၂၅ ရက်က ပြောခဲ့သည်။ ဧပြီလ ၂၅ ရက်တွင် တရားဝင်ငွေလဲလှယ်မှုနှုန်းအရ တစ်ဒေါ်လာလျှင် ၂၂၇ ပီဆိုရှိခဲ့သော်လည်း မှောင်ခိုဈေးကွက်တွင် ဒေါ်လာက ၎င်းနှုန်းထက် နှစ်ဆခန့်ပိုမိုမြင့်မားနေခဲ့သည်။ ရွေးကောက်ပွဲအကြိုကာလ နိုင်ငံအတွင်း ငွေရေးကြေးရေးအကျပ်အတည်းအခြေအနေသို့ရောက်ရှိလာမည့် သက်ရောက်မှုများကို ထိန်းချုပ်ရန်မသေချာမှုက နိုင်ငံအတွင်း နိုင်ငံခြားငွေလဲလှယ်မှုနှုန်းများကလည်း မရေမရာအခြေအနေသို့ရောက်ခဲ့ရခြင်းဖြစ်သည်။

အာဂျင်တီးနား၏ လျင်မြန်စွာမြင့်တက်လာနေသော ငွေဖောင်းပွမှုနှုန်းက ယခင်တစ်နှစ်ထက်စာလျှင် ၁၀၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း တွေ့ရသည်။

စီးပွားရေးပညာရှင် မာရီယာ ကတ်စတစ် လီယွန်နီက TN အသံလွှင့်ဌာနအား ဤကဲ့သို့ ပီဆိုငွေကြေး တန်ဖိုးကျနေမှုက အာဂျင်တီးနားတို့အနေဖြင့် ၎င်းတို့၏ဝယ်ယူနိုင်စွမ်းအားကိုကာကွယ်ရန် အမေရိကန်ဒေါ်လာအား ခိုလှုံအကာအကွယ်ယူရန် ကြိုးပမ်းမှုကြောင့်ဟုပြောခဲ့သည်။

စီးပွားရေးဝန်ကြီး ဆာဂျီအို မတ်ဆာက တရုတ်နိုင်ငံမှသွင်းကုန်များကို ယွမ်ဖြင့်ပေးချေရန်ဆုံးဖြတ်မှုက အာဂျင်တီးနား၏ အသားတင် ပြည်ပအရန်ငွေများကို တိုးတက်ကောင်းမွန်စေကာ သွင်းကုန်တိုးတက်စေပြီး အာဂျင်တီးနား နှင့် တရုတ်နိုင်ငံအကြား၌လည်း ကုန်သွယ်ရေးကိုတိုးမြင့်စေ၍ အာဂျင်တီးနား၏ စီးပွားရေးအတွက် လိုအပ်ချက်များကိုဖြည့်တင်းနိုင်မည်ဟု ပြောခဲ့သည်။

Ref—–Jakarta post

Leave a Reply

Your email address will not be published. Required fields are marked *