MT News
Written By Thandar
MRTV-4 မင်းသမီးတစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်မြတ်သူသူကို ဧပြီ ၂၁ ရက်က မရမ်းကုန်းမြို့နယ်ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
သူမကို မနေ့က ဧပြီ ၂၁ ရက် နံနက် ၉ နာရီခွဲအချိန်မှာ မရမ်းကုန်းမြို့နယ်ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အမှုဖွင့်လိုက်တာဖြစ်ပြီး စတင်စစ်ဆေးလျက်ရှိတယ်လို့လည်း သိရပါတယ်။
သူမဟာ ဧပြီ ၁၁ ရက်နေ့က လူမှုကွန်ရက် စာမျက်နှာပေါ် Myat Thu Thu Facebook Account နဲ့ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ ဖြစ်စဉ်ပတ်သက်ပြီး “စိတ်မကောင်းစရာ အခြေအနေတွေ အခုမှသိရတယ် ဒီည ရတနာ Live လေးဖျက်ပါမယ်ရှင်” လို့ ရေးသားထားခဲ့တာမို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာလို့လည်း ကနဦးသိရပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ ပဇီကြီးကြောင့် နာမည်ကြီးအနုပညာရှင်တချို့ လူသိများထင်ပေါ် ကျော်ကြားသူတချို့လည်း ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
