လက်နက်ကြီးထိမှန်ခဲ့သော ဘုရားဖူးများကို တွေ့ရစဥ် (Photo Credit Linn Nay)

၁၂. ၁၀. ၂၀၂၂

Written by Nay Moe

ကျိုက်ထီးရိုးဘုရား ကင်မွန်းစခန်းအနီးရှိ ကျိုက်ထီးရိုးတောင်တက်ဂိတ်စခန်းအား PDF များက အောက်တိုဘာ ၁၂ ရက်တွင် ကားဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ရာ ဘုရားဖူး သုံးဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

“စစ်တပ်စခန်းကို PDF တွေက ကားနဲ့လာပစ်တာ။ ကြားထဲက ဘုရားဖူးတွေက ပစ်ကြခတ်ကြတဲ့အထဲမှာ ဘုရားဖူးတွေထိပြီး ဆုံးကုန်တာ။ အခုတော့ လူနာတင်ယာဥ်တွေ အများကြီးနဲ့ သယ်နေရတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

အဆိုပါ ဖြစ်စဥ်မှာ ယနေ့မနက် ၁၀ နာရီကျော်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး SAC ၏ လခရအဖွဲ့ဝင်များလည်း ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့သည်ဟု သိရသည်။

”ကျိုက်ထီးရိုး ကင်မွန်းစခန်း ပစ်ခတ်မှုဖြစ်ပွား ဘုရားဖူးများမှ သုံးဦးသေဆုံး၊ ၁၀ဦးကျော် ဒဏ်ရာရရှိကြောင်း ကင်မွန်းစခန်းလူမူကယ်ဆယ်ရေးအဖွဲ့ထံမှကနဦးသတင်းရ” ဟု ဘိုဘိုဝင်းလူမှုကူညီရေးအသင်းက ဆိုသည်။

အဆိုပါ ဖြစ်စဥ်အပေါ် Lin Nay တယ်လီဂရန်က ” အေးမင်းထွန်း(ကျိုက်ထိုသား) PDF တွေရဲ့ ဘာသာရေး အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပါသည်။ မှတ်တမ်းထားရှိပြီး နိုင်ငံတကာသိအောင် PDF တွေရဲ့ လူမဆန်မှုများကို ဖော်ပြရမည်ဖြစ်ပါသည်” ဟု ဖော်ပြခဲ့သည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် ဘုရားဖူးသုံးဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ၅ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ကနဦးသတင်းများအရ MT News က စုံစမ်းသိရပြီး ထပ်မံသိရှိရသည်များကို ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *