၁၈. ၄. ၂၀၂၃
Written by Pan Ei

သာမန်အားကစားသမားတွေဟာ တစ်နေ့တာမှာ ဒိုက်ထိုးခြင်းအားကစားကို အကြိမ်တစ်ရာ ဒါမှမဟုတ် အဲဒီထက်ပို ပြုလုပ်နိုင်ဖို့ ခက်ခဲကြတတ်ပေမဲ့ ဩစတြေးလျနိုင်ငံက အမျိုးသားတစ်ဦးဟာ တစ်နာရီအတွင်း ဒိုက်ထိုးမှုပေါင်း ၃,၂၀၀ ကျော်နဲ့ ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ၊ ဘရစ္စဘိန်းမြို့က အသက် ၃၃ နှစ်အရွယ် Lucas Helmke ဆိုသူဟာ တစ်နာရီအတွင်း ဒိုက်ထိုးမှုပေါင်း ၃,၂၀၆ ကြိမ်ထက်မနည်း ပြီးမြောက်အောင် ကြိုးစားခဲ့ပြီး ကမ္ဘာ့စံချိန်တင်ခဲ့ခြင်းဖြစ်ကာ သူ့ရဲ့ ဒိုက်ထိုးမှုနှုန်းဟာ တစ်စက္ကန့်ကို တစ်ကြိမ်နှုန်းခန့် ဒါမှမဟုတ် တစ်မိနစ်ကို ၅၃ ကြိမ်နှုန်းခန့် ဖြစ်ပါတယ်။

ဂင်းနစ်စံချိန်တင်မှတ်တမ်း သတ်မှတ်ချက်တွေအရ ဒိုက်ထိုးရာမှာ မိမိကိုယ်မိမိ နှိမ့်ချတဲ့အခါ တံတောင်ဆစ်က အနည်းဆုံး ၉၀ ဒီဂရီထိရောက်အောင် ဖြောင့်မတ်ဖို့လိုပြီး ဒူးနှင့်ခါးကို မကွေးဘဲ ဖြောင့်ဖြောင့်တန်းတန်းနေဖို့ လိုအပ်တယ်လို့ သိရပါတယ်။

Lucas Helmke ဟာ မှားယွင်းတဲ့ပုံစံကြောင့် ဒိုက်ထိုးမှုပေါင်း ၃၄ ကြိမ် ပယ်ဖျက်ခံခဲ့ရပေမဲ့ ယခင် စံချိန်ဟောင်းတွေကို ကျော်တက်နိုင်ခဲ့ပါတယ်။

ယခင်စံချိန်စံချိန်ဟောင်း ပိုင်ရှင်ဟာလည်း ဩစတြေးလျနိုင်ငံကဖြစ်ပြီး ၂၀၂၂ ခုနှစ် ဧပြီလမှာ တစ်နာရီအတွင်း ဒိုက်ထိုးမှုပေါင်း ၃,၁၈၂ ကြိမ်နဲ့ Daniel Scali က စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *