MT News

Written by Min Mahr

တစ်ဦးတည်းဆိုင်ကယ်စီးလာသည့် အရန်မီးသတ်တပ်စုမှူးအား သေနတ်သမား ၂ ဦးက အနောက်မှ ချောင်းမြောင်း ပစ်သ-တ်သွားမှု မန္တလေးတွင် မတ်လ ၃၁ ရက် က ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၃၁ ရက် နေ့လည်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက် (၈၈၅)၊ ၇၈လမ်းနှင့် စစ်ကိုင်းလမ်းခွဲထောင့် အရှေ့မှအနောက်သို့ အသက် ၅၂ နှစ်အရွယ် အရန်မီးသတ်တပ်စုမှူးလည်းဖြစ်သည့်အပြင် အကွက်(၈၅၅)၏ ရာအိမ်မှူးသည် ဆိုင်ကယ်ဖြင့်တစ်ဦးတည်းမောင်းလာစဉ် FUJI စတိုးဆိုင်ရှေ့အရောက် ဆိုင်ကယ်တစ်စီးဖြင့် အနောက်မှလိုက်ပါလာသော အမည်မသိအမျိုးသား ၂ ဦးအနက် နောက်တွင်ထိုင်လိုက်ပါသူမှ သေနတ်အတိုဖြင့် ပစ်ခတ်ခဲ့ရာ ယာဘက်နားထင်ကိုဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်၊ နောက်စိကိုလည်းဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်တို့ ရရှိကာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားသောကြောင့် သေဆုံးသူအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းများအားကြည့်ရှု၍ တရားခံများဖမ်းဆီးရမိနိုင်ရေးအတွက် လိုက်လံစုံစမ်း စစ်ဆေးသွားခဲ့ကြောင်း အခင်းဖြစ်ရာအနီး နေထိုင်သူတစ်ဦးထံမှ စုံစမ်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News