MT News

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ သံကူကွန်ကရစ်ချောင်းကူးတံတား ၂ စင်းအား မတ် ၃၁ ရက်တွင် PDF အဖွဲ့များက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ မတ် ၃၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ ၊ ဘုရားလဟာကျေးရွာရှိ အလျား ၄၀ ပေ၊ အနံ ၂၀ ပေရှိ မဂျမ်းရိုးတံတား ဒေသအခေါ် တူးမြောင်းတံတားနှင့် အလျား ၈၀ ပေ၊ အနံ ၂၀ ပေရှိ သစ်ပတ်ချောင်းတံတားတို့ဖြစ်သော သံကူကွန်ကရစ်အမျိုးအစားတံတား ၂ စင်းတို့အား PDF အဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းနှင့် မိုင်းပေါက်ကွဲမှုကြောင့် မဂျမ်းရိုးတံတား ဒေသအခေါ် တူးမြောင်းတံတားမှာ အနည်းငယ်ပျက်စီးခဲ့ပြီး သစ်ပတ်ချောင်းတံတားမှာ ပျက်စီးမှုကြောင့် ယာဉ်များဖြတ်သန်းသွားလာ၍မရကြောင်း သိရသည်။

ထိုသို့ အများပြည်သူများသွားလာအသုံးပြုလျက်ရှိသည့် သံကူကွန်ကရစ်ချောင်းကူးတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သူများအား ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားမှုအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News