၃. ၄. ၂၀၂၃
Written by Peya

၂၀၂၄ ပါရီ အိုလံပစ်၊ အမျိုးသမီးဘောလုံး အာရှဇုန် ခြေစစ်ပွဲအဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်မည့် အီရန်အမျိုးသမီး လက်ရွေးစင်အသင်း ရန်ကုန်မြို့ကို ရောက်ရှိလာပြီဖြစ်ကာ နှစ်ကျော့ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံက ဧပြီလ ၃ ရက်တွင် သတင်းရရှိသည်။

အီရန်အမျိုးသမီး လက်ရွေးစင်အသင်းသည် ဧပြီလ ၂ ရက်နေ့ညပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကာ အိမ်ရှင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီစဥ်မှုဖြင့် အီရန်အမျိုးသမီးအသင်းသည် Novotel Yangon Max တွင် တည်းခိုနေထိုင်နေကာ မြန်မာနိုင်ငံတွင် လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်သည်။

ပွဲစဉ်ဇယားအရ အီရန်နှင့်မြန်မာတို့ နှစ်ကျော့ယှဉ်ပြိုင်ရမည်ဖြစ်ကာ သရေရလဒ်များ ဖြစ်ပေါ်နေပါက ဂိုးကွာခြားချက်၊ အချိန်ပို၊ ပင်နယ်တီ တို့ဖြင့် ဆုံးဖြတ်မည်ဖြစ်ပြီး ပွဲစဉ် နှစ်ပွဲစလုံးကို သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်ကာ ဧပြီလ ၅ ရက်တွင် ပထမအကျော့နှင့် ဧပြီလ ၈ ရက်တွင် ဒုတိယအကျော့ ကန်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၄ ပါရီ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ပထမအဆင့် အုပ်စု(ခ)တွင် အိမ်ရှင်မြန်မာ၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်စ်တို့ ကျရောက်ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် အမျိုးသမီးအသင်းနှင့် မော်လ်ဒိုက်စ်အမျိုးသမီး အသင်းတို့ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည့်အတွက် အိမ်ရှင်မြန်မာအသင်းနှင့် အီရန်အသင်း (၂)သင်းသာ ဆက်လက်ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News