MT News

Written By Thandar

ဆိုင်းမိုင်ဆိုတဲ့ နာမည်လေးနဲ့ ပရိသတ်ချစ်ခင် အားပေးမှုရရှိခဲ့တဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်ကို ဒီနေ့ ဧပြီ ၁ရက်မှာ သူမ ချစ်သူက အိမ်ကိုလာပြီး သိန်းပေါင်းသောင်းချီရှိတဲ့ ရွှေ၊ ငွေ လက်ဝတ်ရတနာ စတာတွေနဲ့ တင်တောင်းခဲ့ပါတယ်။

သူမကို အခုလို ချစ်သူက မြန်မာ့ရိုးရာဓလေ့လို မိသားဖသားပီပီ လာရောက်တောင်းရမ်းစေ့စပ်ခဲ့တဲ့အတွက် ပိုးကြာဖြူခင်က ဝမ်းသာမျက်ရည်ကျတဲ့အထိ ပျော်နေခဲ့တာဖြစ်ပါတယ်။

“သင်္ကြန်ပြီးလောက်ကျရင်တော့ ကိုယ်ပိုင်စိန်ဆိုင်ကို ဖွင့်သွားဖို့ရှိပါတယ်။ စိန်တော်ဝင်ဆိုတဲ့ နာမည်နဲ့ပါ။ ပြီးတော့ ပရိသတ်တွေကိုလည်း အသိပေး ချပြသွားစရာ တစ်ခုရှိပါတယ်။ အသက် ၂၅ ကနေ ၂၉ နှစ်အထိ အမေက သမီးယောက်ျားမယူနဲ့။ အပျိုကြီးဘဝနဲ့ မင်းသမီးလုပ်တာပဲ မြင်ချင်တယ်တဲ့။ အသက်လည်း ၃၀ ကျော်ရော သမီးအိမ်ထောင်ပြုတော့ အမေမြေးချီချင်ပြီဖြစ်ပြန်တယ်”လို့ သရုပ်ဆောင်ပိုးကြာဖြူခင်က ပရိသတ်ကို မကြာခင် ရက်ပိုင်းက ဖွင့်ဟခဲ့ပါတယ်။

ပိုးကြာဖြူခင်က မကြာသေးခင်က လက်ထပ်တော့မယ်ဆိုပြီး ပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ ချစ်သူက တောင်းရမ်းတဲ့ Post ကို မြင်မြင်ချင်းမှာပဲ ပရိသတ်တွေအားလုံးကလည်း အံ့အားသင့်ခဲ့ကြတာပါ။

ပိုးကြာဖြူခင်ရဲ့ချစ်သူက အနုပညာလောကသား မဟုတ်ဘဲ အပြင်လောကထဲက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသာ ဖြစ်ပါတယ်။ သူမရဲ့ မင်္ဂလာပွဲကိုတော့ လာမယ့် ဧပြီလ ၁၁ ရက်နေ့ မန္တလေးမြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News