MT News

Written By Thandar

ပရိသတ်အားပေးမူကို ရရှိခဲ့ကြတဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ သူထူးစံနဲ့ထိုက်ဆုဝင်းတို့ရဲ့ သမီးလေး စံရတီထိုက်(ခ)ဖောင်းဖောင်းလေးရဲ့ (၁)နှစ်ပြည့် မွေးနေ့အဖြစ် ဗိုလ်တထောင်ဘုရားမှာ သံဃာတော်တွေကို အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ဖေဖေနဲ့ မေမေတို့ရဲ့ ဘဝထဲကို သမီးလေးရောက်ရှိခဲ့တဲ့ (၁) နှစ်ပြည့် ပထမဆုံးမွေးနေ့လေးအတွက် စံရတီထိုက် ဆိုတဲ့အမည်နာမလေးကို ဖေဖေနဲ့မေမေရဲ့ လက်ဆောင်အဖြစ် ရွေးချယ် အမွေပေးလိုက်ပါတယ်။ ဒီနာမည်လေးနဲ့ယှဉ်တွဲပြီး သမီးလေးဘဝမှာ အခက်အခဲဆိုတာ မရှိဘဲ ကြုံလာသမျှ လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ကာ ဘာသာတရားနဲ့ယှဉ်တွဲကြီးပြင်းလာနိုင်ပါစေလို့လည်း ဆန္ဒပြုလိုက်ပါတယ်”လို့ သရုပ်ဆောင် သူထူးစံက ပရိသတ်တွေအားလုံးကို ပြောပြလာပါတယ်။

သမီးလေး စံရတီထိုက်(ခ)ဖောင်းဖောင်းလေးရဲ့ (၁)နှစ်ပြည့် မွေးနေ့ကုသိုလ်အဖြစ် မတ်လ ၃၁ ရက်က ဗိုလ်တထောင် ဘုရားမှာ သံဃာတော်တွေကို အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းပြီး မိဘဆရာသမားတွေနဲ့ ဆွေမျိုးမိတ်ဆွေတွေကို Vintage Luxury Yacht Hotel မှာ နေ့လည်စာ ဧည့်ခံကျွေးမွေးကာအမည်ပေး ကင်ပွန်းတပ်နဲ့ မွေးနေ့ပွဲလေးလုပ်ပေးခဲ့ပါတယ်။ သမီးလေးကြီးပြင်းလာတဲ့အခါ ဒီအမှတ်တရလေးတွေကို သမီးလေး ပြန်တွေ့တိုင်း ဝမ်းမြောက်ပျော်ရွှင်နိုင်ပါစေလို့လည်း ဆုမွန်ကောင်း တောင်းထားတာကို တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News