၁. ၄. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် လေထုညစ်ညမ်းမှု အခြေအနေ ဆိုးရွားလာမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ မကျန်းမာမှုများနှင့် ယားယံ ဓာတ်မတည့် နေမကောင်းခြင်းများဖြစ်ကာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ ချင်းမိုင်မြို့ မဟာရတ်ဂျ် နာကွန် ဆေးရုံသို့ ပြည်သူ ၁၂,၆၇၁ ဦး တက်ရောက်ကုသခံခဲ့ရကြောင်း ဧပြီလ ၁ ရက်သတင်းများက ဖော်ပြခဲ့ကြသည်။

ချင်းမိုင်မြို့ ဆေးတက္ကသိုလ်မဟာဌာန၏ ဌာနမှူး ဒေါက်တာဘန်နာကစ်ကမူ လေထုညစ်ညမ်းမှုကြောင့် အမှန်တကယ်မကျန်းမာသူအရေအတွက်မှာ ယခုထက်ပိုများနိုင်ကြောင်း၊ သို့သော်အများအပြားက ဆေးရုံတွင် လူနာများပြည့်ကျပ်နေ၍ ဆေးရုံမတက်ခဲ့ကြသည်ကို တွေ့ရကြောင်း ပြောခဲ့သည်။

၎င်းက ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ၂၄ နာရီပတ်လုံး ကျန်းမာရေးစောင့်ရှောက်မှု အကောင်းဆုံး ပံ့ပိုးပေးနေကြောင်း၊ သို့သော် လူထုကလည်း လေထုညစ်ညမ်းမှုကြောင့် ဖြစ်လာနိုင်သည့် နေထိုင်မကောင်းမှုလက္ခဏာများကိုသတိရှိကြရမည်ဖြစ်ကြောင်း ပြောခဲ့သည်။

၎င်းက လေထုညစ်ညမ်းမှုအဆင့် မြင့်လာသည့်အခါများတွင် အိမ်ပြင်ပ၌ ကြာမြင့်စွာနေထိုင်မှုကို ရှောင်ရှားသင့်ကြောင်း၊အိမ်၏ ပြတင်းနှင့်တံခါးများပိတ်ထားကာ လေအေးပေးစက်နှင့် လေသန့်စင်စက်များလည်း ဖွင့်ထားသင့်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ချင်းမိုင်မြို့ အနီးတစ်ဝိုက်ရှိ လယ်ယာများတွင် စွန့်ပစ်ပစ္စည်းများ မီးလောင်မှုနှင့် တောမီးများကြောင့် လေထုညစ်ညမ်းမှုကို လပေါင်းများစွ ာကြုံတွေ့နေရသည်။ အိမ်နီးချင်းနိုင်ငံများ၌လည်း လေထုညစ်ညမ်းမှုဒဏ်ကို ထိုင်းနိုင်ငံနည်းတူ ခံစားနေကြရကြောင်း သိရသည်။

Ref—The Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *

Related News