PDF များ NUG လက်အောက်မှ ထွက်ပြေးမှုနှင့် SAC ထံ အလင်းဝင်မှုမြင်ကွင်း

◾️ SAC လက်အောက် အလင်းဝင်လာသော PDF တစ်ထောင်ကျော် ရှိနေပြီဟု သိရ

၁. ၄. ၂၀၂၃
Written by Nay Moe

NUG လက်အောက်ခံ PDF လေးဦး ထားဝယ်ခရိုင် တပ်ရင်း (၁) မှ ထွက်ပြေးသွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်၊ တပ်ရင်း(၁) က ယနေ့တွင် ကြေညာထားပြီး SAC လက်အောက် အလင်းဝင်လာသော PDF တစ်ထောင်ကျော် ရှိနေပြီဟုလည်း သိရသည်။

NUG ဩဇာခံ PDF တပ်ရင်းများမှ PDF များ မကြာခဏထွက်ပြေးမှုဖြစ်ပွားနေသကဲ့သို့ ပြီးခဲ့သည့် မတ်လဆန်းကလည်း NUG ၏ ဩဇာခံ ဆင်ဖြူစစ်ကြောင်းမှ PDF ၃၉ ဦး ကော်သူးလေအာမီ(KTLA) ထံ ထွက်ပြေးခိုလှုံမှုဖြစ်ပွားခဲ့သည်။

လက်ရှိတွင် ထားဝယ်ခရိုင် တပ်ရင်း (၁) မှ ထွက်ပြေးသည့် PDF လေးဦးမှာ ရဲဘော် ကင်း ၊ ရဲဘော် ပျောက်ကျား ၊ ရဲဘော် ဗျတ္တနှင့် ရဲမေ လင်းလဲ့ တို့ဖြစ်ပြီး တပ်ရင်းမှထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို မလိုက်နာဘဲ တပ်ရင်းမှထွက်ပြေးသွားသည့်အတွက် ၎င်းတို့နှင့် ပတ်သက်သည့်ကိစ္စအဝဝကို ၎င်းတို့ကိုယ်တိုင် တာဝန်ယူဖြေရှင်းပေးရန် အမိန့် ညွှန်ကြားချက် ထုတ်ပြန်သည်ဟု ကြေညာသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်၊ တပ်ရင်း(၁)သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်ရင်းတစ်ခုဖြစ်သည့်အားလျော်စွာ အမိန့် ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများကို တသွေမတိမ်း တိကျစွာ လိုက်နာဆောင်ရွက်လျှက်ရှိကြောင်းနှင့် တပ်ပြေးရဲဘော်များအား မည်သည့်တော်လှန်ရေးအင်အားစုများမှ လက်ခံခြင်းမပြုကြပါရန်နှင့် ၎င်းတို့အား လက်ခံထားရှိပြီးဖြစ်ပါက အကြောင်းကြားပေးရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်၊ တပ်ရင်း(၁) ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

NUG အနေဖြင့်လည်း အလင်းဝင်သွားသည့် PDF များကို လိုက်လံသ-တ်ဖြတ်နေပြီး မတ်လ ၂ ရက်ကလည်း မန္တလေးမြို့တွင် SAC ထံ အလင်းဝင်သည့် PDF ကိုအောင်မျိုးမြတ်ကို MIA (Mandalay Independent Association) PDF အဖွဲ့က ကုသိုလ်တော်ဘုရားအနီး ၆၂ လမ်းနှင့် ၁၀ လမ်းထောင့်တွင် လုပ်ကြံသတ်ဖြတ်မှုလည်း ဖြစ်ပွားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *