ASY-MDY ထုတ်ပြန်ချက်နှင့် ယင်းတို့၏ လုပ်ကြံမှုကြောင့် သေဆုံးရသော ရာအိမ်မှူး ဦးဆန်းအောင်

၁. ၄. ၂၀၂၃
Written by Nay Moe

မန္တလေးမြို့၊ ထွန်တုံးရပ်ကွက်တွင် မတ်လ ၃၁ ရက်က မွေးနေ့ပွဲကျင်းပနေသော ရာအိမ်မှူးဦးဆန်းအောင်အား သ-တ်ဖြတ်ခဲ့သည်မှာ အောင်စည်တော်စစ်ဆင်ရေး- မန္တလေး (AST-MDY) PDF အဖွဲ့ဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် ၁၁၃ လမ်း ၄၆ လမ်းနှင့် ၄၇ လမ်းကြားတွင်နေထိုင်ကာ မွေးနေပွဲကျင်းပနေသော ရာအိမ်မှူး ဦးဆန်းအောင်အား PDF များက မတ်လ ၃၁ ရက်တွင် ကျည်ခုနစ်ချက်ဖြင့် ပစ်ခတ် သ-တ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ သ-တ်ဖြတ်ခြင်းမှာ မွေးနေ့နှင့် သေနေ့ တစ်ထပ်တည်းကျစေရန်ဖြစ်ကြောင်း မန္တလေး အောင်စည်တော်အဖွဲ့က ကြေညာထားသည်။

ထို့ပြင် ရာအိမ်မှူးဦးဆန်းအောင်သည် “လူမိုက်များ မွေးကာ ပြည်သူပိုင် အိုးအိမ်များအား ဂရံရှိလဲဖယ် မဖယ်ရင်ခုဖျက် ဟု ဆဲဆိုကာ ဖျက်ဆီး‌ခြင်း၊ ပြည်သူများအား လက်နက်ပြကာ ခြိမ်းခြောက်ဖယ်ရှားစေခြင်း စသည်ဖြင့်စွပ်စွဲကာ ဖယ်ရှား ရှင်းလင်းရခြင်းဖြစ်သည်ဟုလည်း မန္တလေး အောင်စည်တော်အဖွဲ့က အကြောင်းပြသည်။

ထို့ပြင် ရာအိမ်မှူးဦးဆန်းအောင်ထံမှ Glock Pistol ပွိုင့် 380 တစ်လက်၊ ပွိုင့် 380 ကျည် ၂၂ တောင့်အပြင် ဖုန်းနှစ်လုံးနှင့် တခြားဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းခဲ့သည်ဟု အောင်စည်တော်စစ်ဆင်ရေး-မန္တလေး (AST-MDY) PDF အဖွဲ့က ပြောသည်။

AST- MDY PDF အဖွဲ့ ပစ်ခတ်သ-တ်ဖြတ်မှုဖြစ်စဥ်တွင် PDF နှစ်ဦးက မတ်လ ၃၁ ရက် ညနေ ၄ နာရီခန့်တွင် ဆိုင်ကယ်ဖြင့်ရောက်လာပြီး အနောက်မှ ချောင်းမြောင်း ဝင်ရောက်လာကာ အလစ်အငိုက်ပစ်ခတ်မှုကြောင့် ဦးဆန်းအောင်( ၅၂ နှစ်) တွင် ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာ၊ ယာရင်အုံကျည်ဖောက်ဝင်ဒဏ်ရာနှင့် ဝဲလက်ပြင် လက်မောင်းကျည်ဖောက်ထွက်ဒဏ်ရာရရှိခဲ့ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းနှင့် ချောင်းမြောင်းပစ်ခတ်သော AST-MDY PDF နှစ်ဦးမှာ ပစ်ခတ်ပြီး ချက်ခြင်းထွက်ပြေးသွားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *