March 29, 2024

၃၁. ၃. ၂၀၂၃
Written by Thettant

Project DragonFly အတွက် ပြည်သူများလှူထားသော ဒေါ်လာ ၂ သန်းကျော်ကို ကိုယ်ကျိုးသုံးသည်ဆိုသည့်ဝေဖန်မှုများအပေါ် NUG က ယနေ့တွင် ရှင်းလင်းချက် ထုတ်ပြန်သည်။

NUG အနေဖြင့် Project DragonFly အမည်ဖြင့် ပြည်သူများထံမှ အလှူခံခဲ့ရာ အလှူခံပေးသူတစ်ဦးက အမေရိကန်တွင် စတိုးဆိုင်ဖွင့်လှစ်ခဲ့ရာ အချိန်တိုအတွင်း ထိုသို့စီးပွားရှာနိုင်ခဲ့သဖြင့် ထိုစတိုးဆိုင်မှာ ပြည်သူများ၏ အလှူငွေဖြင့် ဖွင့်လှစ်ခဲ့ကြောင်း၊ NUG က အလှူငွေရှာပေးနေသဖြင့် ထိုအမျိုးသမီးနှင့်ပတ်သက်ပြီး မရှင်းရဲဘဲ ပုလင်းတူဘူးဆို့လုပ်နေကြောင်း၊ NUG က Fund အဖြစ် အလှူငွေများကို ပုံစံမျိုးစုံဖြင့်ရှာဖွေရာတွင် ငွေရှာပေးသူများ၊ အလှူခံသူများကို ရာခိုင်နှုန်းတစ်ခုဖြင့် အပေးအယူလုပ်နေကြောင်း ဝန်ခံမှုများထွက်ပေါ်ခဲ့သည်။

ထိုသို့ထွက်ပေါ်ခဲ့မှုကို NUG က ရှင်းလင်းရာတွင် NUG- MOD အနေဖြင့် နိုင်ငံတကာ Fundraiser များထံမှ တစ်ဆင့် Project DragonFly အတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်းတိတိကို လက်ခံရရှိသုံးစွဲလျက်ရှိကြောင်း ရရှိထားသော ရန်ပုံငွေများကို လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်းနှင့် တန်ပြန်လေကြောင်း တိုက်ခိုက်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၈ သိန်း လျာထားကြောင်း၊ NUG-MOD အနေဖြင့် နိုင်ငံတကာ Fundraiser များနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့သည့် ရန်ပုံငွေရှာဖွေရေးစီမံချက်များမှ ရရှိလာသော ရန်ပုံငွေများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စနစ်တကျစီမံခန့်ခွဲနေပြီး အလေအလွင့်မရှိ လက်ခံရရှိခဲ့ကြောင်း၊ Project DragonFly မှ ရရှိခဲ့သော ရန်ပုံငွေများဖြင့် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအောင်မြင်မှုများကို လုံခြုံရေးအရ သင့်လျော်သည့် အချိန်များတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း NUG က ရှင်းလင်းချက်ထုတ်ပြန်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *