MT News
၃၁. ၃. ၂၀၂၃

တပ်မတော်ထိပ်တန်းအရာရှိကြီးများ တပ်တွင်းရာထူးအပြောင်းအလဲဖြစ်ပေါ်သည်ဟု ကနဦးသတင်းများအရ MT News က စုံစမ်းသိရသည်။

ကနဦးသတင်းများအရ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေအား ဒုတိယဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ကာ အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း သိရသည်။ ထို့အတူ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။

အလားတူ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ် ဇော်မင်းလတ်ကို နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီးဗိုလ်ချုပ်ကျော်ရွှေထွန်းကို တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးအဖြစ်လည်းကောင်း၊ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝေလင်းကို နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်လည်းကောင်း ပြောင်းရွှေ့ခန့်အပ်ကြောင်းသိရသည်။

ထို့အတူ အမှတ်(၁၁) ခြေမြန်တပ်မဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးချုပ်စိုးမင်းကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ခန့်အပ်လိုက်ပြီး တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်စိုးမြတ်ထွဋ်ကို စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ်သို့ ပြောင်းရွှေ့ခန့်ထားလိုက်ကာ အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စကခမှူး ဗိုလ်မှူးချုပ်အေးမင်းဦးကို တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ်သို့ ခန့်ထားလိုက်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *