ဓာတ်အားလိုင်းပြုပြင်ရာမှ ဓာတ်တိုင်ပေါ်တွင်ပင် ဓာတ်လိုက်သေဆုံးရသူလျှပ်စစ်ဝန်ထမ်းနှင့် ကူညီမှုမြင်ကွင်းများ (ဓာတ်ပုံ-ပေးဆပ်သူတို့ နှလုံးသား ပရဟိတအသင်း)

MT News

Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၆/နောက်ရပ်ကွက် ရွှေပြည်သာလမ်းမနှင့် ဝေဇယန္တာလမ်းဆုံရှိ ဓာတ်တိုင်တွင် လျှပ်စစ်ဝန်ထမ်းတစ်ဦး လျှပ်စစ်ဓာတ်အားလိုင်းတက်ရောက်ပြုပြင်ရာမှ ဓာတ်တိုင်ပေါ်တွင်ပင် ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့​သည့် ဖြစ်စဥ်တစ်ခု မတ်လ ၃၀ ရက် ညနေ ၆ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ကြောင်း ပေးဆပ်သူတို့နှလုံးသား ပရဟိတအသင်းမှ သိရသည်။

သေဆုံးမှု ဖြစ်စဥ်အသေးစိတ်ကိုမှု ဌာနဆိုင်ရာ ကိစ္စရပ်ဖြစ်သဖြင့် ​မသိရှိရကြောင်းနှင့်၊ ဓာတ်တိုင်ပေါ်ရောက်ပြီး မိနစ်ပိုင်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဓာတ်လိုက်ခံရသော ဒဏ်ရာများကြောင့် သေဆုံးသွားသော အသက် ၃၀ ဝန်းကျင်ခန့် အမျိုးသားအား ဖြစ်ပွားပြီး နာရီဝက်ခန့်အကြာတွင် EPC ဝန်ထမ်းများ၊ မိတ်ဖက်ပရဟိတအဖွဲ့များနှင့်အတူ Dead Body ကို ဓာတ်တိုင်ပေါ်မှ သယ်ချနိုင်ခဲ့ကြောင်းနှင့် အောင်နိုင်သူ သူနာတင်ယာဥ်ဖြင့် စံပြဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့သိသလောက်တော့ ဝန်ထမ်းတောင်မဖြစ်သေးဘူး။ လုပ်အားပေးကာလပဲ ရှိသေးတာလို့ သိလိုက်ရတယ်။ ကျန်တဲ့ အပိုင်းတွေတော့ သိပ်မသိပါဘူး”ဟု ပေးဆပ်သူတို့ နှလုံးသား ပရဟိတအသင်းမှ သွားရောက်ကူညီခဲ့သူက ဖြစ်စဥ်ကို MT News သို့ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News