၃၁. ၃. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအနက် ဆန်ကို ပြည်ပတင်ပို့မှု အများဆုံးပြုလုပ်လျက်ရှိနေသော ထိပ်ဆုံး ၁၀ နိုင်ငံတွင် ပါဝင်လျက်ရှိနေပြီး ကမ္ဘာ့အဆင့် ၅ နေရာတွင် ရပ်တည်လျက်ရှိနေကြောင်း ဂျာမနီအခြေစိုက် သုတေသီအဖွဲ့အစည်းတစ်ခုဖြစ်သော Statista ၏ ဖော်ပြချက်များအရ သိရသည်။

Statista ၏ ဖော်ပြချက်များအရ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုအများဆုံးပြုလုပ်နေသော နိုင်ငံများထဲတွင် အိန္ဒိယနိုင်ငံက ထိပ်ဆုံးတွင်ရပ်တည်နေပြီး ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့က ထိပ်ဆုံး ၅ နိုင်ငံထဲတွင် ရပ်တည်လျက်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်မက်ထရစ်တန်ချိန်ပေါင်း ၂၄၀၀ တင်ပို့နိုင်ခဲ့ကြောင်း Statistaအဖွဲ့က ဆိုသည်။ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုအများဆုံးပြုလုပ်နေသော ထိပ်ဆုံးနိုင်ငံများထဲတွင် အာဆီယံဒေသ ၄ နိုင်ငံပါဝင်နေပြီး မြန်မာနိုင်ငံက အာဆီယံဒေသအတွင်းရှိ နိုင်ငံများထဲတွင် ပြည်ပကို ဆန်တင်ပို့မှု တတိယအများဆုံးတင်ပို့နေသောနိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံသည် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အများဆုံးပြုလုပ်နေသော ကမ္ဘာ့ ၁၀နိုင်ငံထဲတွင် ပါဝင်နေသလို ဆန်စားသုံးမှု အများဆုံးနိုင်ငံများထဲတွင် ပါဝင်လျက်ရှိနေကြောင်းသိရသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံသည် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်မက်ထရစ် တန်ချိန်ပေါင်း ၈၂၀၀ ထုတ်လုပ်နိုင်ခဲ့ကြောင်း Statistaအဖွဲ့က ဆိုသည်။

မြန်မာနိုင်ငံသည် ဆန်ကို အိန္ဒိယ၊ တရုတ်၊ အာဖရိကနှင့် အာရှနိုင်ငံများထံ အဓိကထားတင်ပို့လျက်ရှိနေကြောင်းသိရသည်။ အိန္ဒိယနှင့်တရုတ်နိုင်ငံတို့သည် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနိုင်ငံများဖြစ်ရာ ဆန်ကို အဓိကထား စားသုံးနေသလိုစိုက်ပျိုးထုတ်လုပ်မှု အများဆုံးပြုလုပ်နေကြောင်း သိရသည်။

Ref ——statista

Leave a Reply

Your email address will not be published. Required fields are marked *