MT News

Written by Thettant

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း- ကျောက်ကြီးသွား ကားလမ်းပေါ်၌ KNLA အဖွဲ့မှ အကြမ်း ဖက်မှုကို လိုလားသောအဖွဲ့က ထောင်ထားသည့် ဒေသန္တရကားမိုင်းအား မတ်လ ၃၀ ရက် နံနက်ပိုင်းတွင် မော်တော်ယာဉ်တစ်စီးက နင်းမိပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာ ရရှိခဲ့သည်ဟု SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က မတ်လ ၃၀ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ နတ်သံကွင်းကျေးရွာဘက်မှ ကျောက်ကြီးမြို့ဘက်သို့ အုတ်များတင်ဆောင်၍ ပဲနွယ်ကုန်းမြို့နေ မောင်စိန်မင်း(ဘ)ဦးလှမြင့် မောင်းနှင်ပြီး အမျိုးသား ၄ ဦးလိုက်ပါလာသည့် 9N/— ချင်းလုံဒန်းထရပ် အမျိုးအစား မော်တော်ယာဉ်သည် မတ်လ ၃၀ ရက် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် နတ်သံကွင်း- ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ ရန်မျိုးအောင်တံတားအနီးသို့အရောက်၌ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသော အဖွဲ့က ထောင်ထားသည့် ဒေသန္တရကားမိုင်းအား နင်းမိပေါက်ကွဲခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသား ၁ ဦးသေဆုံးပြီး ၄ ဦးတို့တွင် မိုင်းစထိမှန် ဒဏ်ရာ များရရှိခဲ့သည်။

အဆိုပါ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒဏ်ရာရရှိသူများအား ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News