ပန်ဆိုင်း-ဝမ်တိန်နယ်စပ်ဂိတ်သို့ ရောက်ရှိလာသည့် သစ်သီးကားများကို တွေ့ရစဥ် (ဓာတ်ပုံ- ခွာညိုသစ်သီးပွဲရုံ)

၂၉. ၃. ၂၀၂၃
Written by Ye Kyaw

မြန်မာ-တရုတ်နယ်စပ် ပန်ဆိုင်း-ဝမ်တိန်နယ်စပ်ဂိတ် ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိကာ လူဝင်လူထွက်သွားလာခြင်းကို မူဆယ်ဒေသခံများကိုသာ ခွင့်ပြုထားကြောင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးအသင်းများမှ သိရသည်။

ပန်ဆိုင်း-ဝမ်တိန်နယ်စပ်ဂိတ်သည် မြန်မာနိုင်ငံဘက်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် တရုတ်နိုင်ငံ ဝမ်တိန်မြို့တို့ကို ဆက်သွယ်ထားသည့် နယ်စပ်ဂိတ်ဖြစ်သည်။

“ဖွင့်ဖို့ဟိုတစ်ရက်က အစည်းအဝေးလုပ်ကြတယ်။ ဖွင့်တာတော့ ရက်နည်းနည်းတောင်ကြာသွားပြီ။ ဖွင့်ဖို့ဆိုပြီး မတ်လ ၂၀ ရက်နေ့က အစည်းအဝေးလုပ်တာ” ဟု မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါ ပန်ဆိုင်း-ဝမ်တိန်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံမှ ထွက်ရှိသည့် သစ်သီးများတင်ပို့လျက်ရှိသည်။ အဆိုပါ ပန်ဆိုင်း-ဝမ်တိန် သမိုင်းဝင်နယ်စပ်ဂိတ်ပေါက်ကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လဆန်းပိုင်းတို့တွင် ပြင်ဆင်မှုများဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိဖွင့်လှစ်ပြီးချိန်တွင် အဓိကကုန်စည်များအနေဖြင့် မြန်မာပြည်မှ ထွက်ရှိသည့် သစ်သီးများ (အဓိက ဖရဲ၊ သခွားများ)ကို တင်ပို့လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *