Photo-MDN

MT News

နိုင်ငံရေးပါတီများ ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ ၅၀ သာရှိပြီး သတ်မှတ်ကာလ၌ ပြန်လည်မလျှောက်ထားသည့် NLD ပါတီအပါအဝင် ပါတီ ၄၀ အား အလိုအလျောက် ပျက်ပြယ်သွားပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ ရက် ညတွင် အတည်ပြုကြေညာသည်။

သတ်မှတ်ကာလအတွင်း ပြန်လည်မှတ်ပုံတင်ခြင်းမပြုသဖြင့် ပယ်ဖျက်ခံရသည့်ပါတီ ၄၀ အနက် SNLD ပါတီနှင့် NLD ပါတီနှစ်ခုမှာ ပြည်သူအများသိရှိသော ပါတီနှစ်ခုအဖြစ်ရပ်တည်ခဲ့ဖူးသည်။

ထို့ပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေအရ ပါတီဟောင်းများမှမဟုတ်ဘဲ အသစ်လျှောက်ထားလာသည့် ပါတီ ၁၃ ခုရှိပြီး ပါတီအသစ်တည်ထောင်လိုသူများမှာလည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ် ပုဒ်မ ၃ အရ ဆက်လက်လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *