MT News

Written by Nay Aung

ကမ္ဘာပေါ်တွင် ဆန်အများဆုံးစားသုံးသော နိုင်ငံများထဲတွင် မြန်မာနိုင်ငံ ပါဝင်လျက်ရှိနေပြီး ကမ္ဘာအဆင့် ၈ တွင် ရပ်တည်နေကြောင်း ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့အခြေစိုက် Statista အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါအဖွဲ့သည် ကမ္ဘာတဝှမ်းရှိဈေးကွက်၊ စားသုံးသူများ၏အခြေအနေများကို လေ့လာသုံးသပ်ပြီးနောက် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတဝှမ်းရှိ နိုင်ငံများအနက် ဆန်စားသုံးမှုအများဆုံးနိုင်ငံများ စာရင်းကိုထုတ်ပြန်ခဲ့ရာ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း သိရသည်။

၂၀၂၂- ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံကဆန်စပါး မက်ထရစ် တန်ချိန် ၁၅၄၉၄၆ စားသုံးခဲ့ပြီး အိန္ဒိယနိုင်ငံက ဆန်စပါး မက်ထရစ် တန်ချိန် ပေါင်း ၁၀၈၅၀၀ စားသုံးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ဆန် မက်ထရစ်တန်ချိန်ပေါင်း ၁၀၃၀၀ စားသုံးခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံများထဲတွင် အဆင့် ၅ နေရာ ရပ်တည်နေကြောင်း သိရသည်။ ကမ္ဘာပေါ်တွင် ဆန်စပါးစားသုံးမှုအများဆုံး နိုင်ငံများထဲတွင် အရှေ့တောင်အာရှဒေသနိုင်ငံ ၅ နိုင်ငံ ပါဝင်နေပြီး အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့ ပါဝင်နေကြောင်း သိရသည်။

ဆန်သည် ကမ္ဘာပေါ်ရှိ ကုန်ပစ္စည်းများထဲ လူအများဆုံးစားသုံးသော ကုန်ပစ္စည်းဖြစ်နေရာ တရုတ်နိုင်ငံက အခြားနိုင်ငံများထက် ဆန်စပါး ပိုမိုစားသုံးနေကြောင်း သိရသည်။ ကမ္ဘာ့နိုင်ငံများထဲ ဆန်စားသုံးသူအများဆုံး ထိပ်ဆုံး ၁၀ နိုင်ငံတွင် ဂျပန်နှင့် နိုင်ဂျီးရီးယားနိုင်ငံတို့လည်း ပါဝင်လျက်ရှိနေကြောင်း ဟမ်းဘတ်မြို့အခြေစိုက် Statista အဖွဲ့၏ အဆိုအရ သိရသည်။

Ref – Statista

Leave a Reply

Your email address will not be published. Required fields are marked *

Related News