၂၉. ၃. ၂၀၂၃

Written By Thandar

ရေဒီယိုဓာတ်ပြားခေတ်က ဇာတ်လမ်းတွေမှာ သရုပ်ဆောင်ရာကတစ်ဆင့် ပရိသတ်အားပေးမူရရှိခဲ့တဲ့ သရုပ်ဆောင် ဧငြိမ်းဖြူတို့ မိသားစုက ကိုဗစ်ကာလအကျပ်အတည်းတွေကြောင့် စီးနေတဲ့ကားတွေပါ အကြွေးနဲ့သိမ်းတာ ခံခဲ့ရသလို မိဘတွေအရမ်းပင်ပင်ပန်းပန်း ကြိုးစားခဲ့ရလို့ အခုအချိန်မှာ မိဘကို တစ်ဖက်တစ်လမ်းက ထောက်ပံ့မှုတွေလုပ်ပေးချင်တယ်လို့ ဆိုပါတယ်။

“အမေပြောပုံအရ ဧကို မွေးပြီးနောက်ပိုင်း စီးပွားအရမ်းတက်သွားတယ်လို့ ကြားရတယ်။ ဧကိုလည်း ဒီဆိုင်လေးကို စိတ်ရောလူရော နှစ်ပြီးလုပ်ဖို့ အကူအညီတောင်းထားတယ်။ သမီး ။ အမေတို့ လက်ထပ်ခါစက အမေတို့ နှစ်ယောက်ပေါင်းမှ ဘယ်လောက်မှမရှိဘူး။ အမေက ဘဏ်မှာလုပ်တာဆိုတော့ ဘဏ်ရုံးကို လမ်းလျှောက်သွားခဲ့ရတယ်။ အမေက ကိုယ်ဝန်ကြီးနဲ့တုန်းက ဘတ်စ်ကားတိုးစီးခဲ့ရတယ်။ နောက်ပိုင်း ကိုယ်မွေးလာခဲ့ပြီးမှ စီးပွားရေးတက်လာတယ်လို့ ပြောတယ်။ အခုလည်း အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲလေးတွေကို အမေက ပြောပြဖြစ်ပါတယ်။ ဒါကြောင့် ဧတို့ မိဘတွေအရမ်းပင်ပန်းပြီးတော့ ကြိုးစားခဲ့ရတာပဲ။ ခုချိန်မှာအမေတို့ကို တစ်ဖက်တစ်လမ်းက ထောက်ပံ့မှုတွေလုပ်ပေးချင်တယ်”လို့ သရုပ်ဆောင်ဧငြိမ်းဖြူက ပြောပါတယ်။

လက်ရှိမှာ မိခင်ဖြစ်သူ ဒါရိုက်တာ သီတာလင်း ဦးစီးပြီး ဖွင့်လှစ်တဲ့ 86 Bar ဆိုင်ကို သမီးဖြစ်သူ စောယုနန္ဒာ နဲ့ ဧငြိမ်းဖြူတို့က ဆိုင်ရဲ့ အပြင်ဘက်အခြမ်း ဝက်သားဒုတ်ထိုး ၊ ဆိတ်သားဒုတ်ထိုး ၊ ဖျော်ရည်တွေ စတာကို တာဝန်ယူလုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ကိုဗစ်ကာလနောက်ပိုင်း အနုပညာအလုပ်တွေ ရပ်ဆိုင်းသွားချိန်မှာ Alphard ကားနဲ့ BMW ကားတွေကို အကြွေးနဲ့သိမ်းခံလိုက်ရတယ်လို့ သိရပါတယ်။ သရုပ်ဆောင် ဧငြိမ်းဖြူကတော့ ခေတ်ကာလအရ အခက်အခဲတွေကြားကနေ 86Bar ဆိုင်ဖွင့်ဖို့အတွက် ကြိုးပမ်းနေတဲ့ရလို့ အနုပညာအလုပ်တွေ ခေတ္တရပ်ဆိုင်းခဲ့တယ် ဆိုပါတယ်။

“ဧက အရင်ထဲက အနုပညာအလုပ်တွေပဲ လုပ်ဖူးတာ။ အနုပညာအလုပ်လုပ်လို့ ပင်ပန်းတာနဲ့ စီးပွားရေးလုပ်လို့ ပင်ပန်းတာ။ ပင်ပန်းတာတွေချင်တော့ မတူပါဘူး။ ဒါက သေးသေးမွှားမွှားလေးကအစ တစ်ခုခုမဖြစ်အောင် သေချာစီစဥ်ရတယ်။ မိသားစုလိုက် အနုပညာအလုပ်လုပ်သလို အခုကတော့ မိသားစုလိုက် စီးပွားရေးပိုင်းပြောင်းလုပ်တာပေါ့။

ဧတို့က အတွေ့အကြုံမရှိတော့ လုပ်ရတာ အများကြီး ပိုပင်ပန်းပါတယ်။ ဧ ကို အနုပညာဘက်မှာ ချစ်သလို အခုဆိုင်လေးဖွင့်ချိန်မှာလည်း ပရိသတ်တွေအားပေးကြပါလို့ပြောချင်ပါတယ်”လို့ သူမက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News